ylliX - Online Advertising Network

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုယ်တိုင် အပြောင်းအလဲ လုပ်ရမယ့်နှစ်သစ်ဖြစ်ကြောင်း သမ္မတထုတ်ပြော – Voice of Revolution Live News


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ်စဉ် ၁/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့အသီးသီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းထဲမှာ အစိုးရအဖွဲ့ကိုယ်တိုင် အပြောင်းအလဲ လုပ်ရတော့မယ့် နှစ်သစ်ဖြစ်ကြောင်း နှင့် အစိုးရအဖွဲ့ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ထိရောက်စွာ အလုပ်လုပ်နိုင်ဖို့ ပြောင်းလဲရမှာဖြစ်ကြောင်းကိုလည်း အထူးပြု မှာကြားသွားပါတယ်။

သမ္မတရဲ့မိန့်ခွန်းမှာတော့ “ဒီနေ့ဟာ ၂၀၂၅ နှစ်သစ်ရဲ့ ပထမဆုံးသော အစိုးရအဖွဲ့အစည်း အဝေး ဖြစ်တာကြောင့်၊ အားလုံးအတွက် စိတ်သစ်လူသစ် – ခွန်အားသစ်တွေနဲ့ တော်လှန်ရေးခရီးကို အားသွန် ခွန်စိုက် ရှေ့ဆက်ဖို့ အသင့်ဖြစ် နေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါကြောင်း။ ဒီနေ့အစိုးရအဖွဲ့အစည်းမှာ “၂၀၂၅ ဟာ အပြောင်းအလဲတွေ များမယ့်နှစ်” လို့ ခံယူပြီး ဆက်လက်ချီတက်ဖြတ်သန်းကြဖို့ ပထမဆုံး တိုက်တွန်းလိုပါကြောင်း၊ အပြောင်း အလဲလို့ ပြောတဲ့နေရာမှာ ကျွန်တော်တို့ကိုယ်တိုင်လည်း မိမိကိုယ်ကို အပြောင်းအလဲတွေ လုပ်ကြရမယ့်နှစ်လို့ ယူဆပါကြောင်း ။ ကျွန်တော်တို့ဟာ တော်လှန်ရေးအလုပ်တွေကို ”မြန်အောင် လုပ်ရမယ်၊ လွယ်ကူ အောင်လည်း လုပ်ရမယ်၊ ထိရောက် အောင်လည်း လုပ်ရမယ်”ဆိုတဲ့ မူကို ထားရှိပြီးဖြစ်ပါကြောင်း ။ ကျွန်တော်တို့ အနေနဲ့ ၂၀၂၄ နှစ် မကုန်ခင်ကတည်းက ယခု ၂၀၂၅ အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကြိုတင် ဆွေးနွေး ဆုံးဖြတ်ခဲ့တာတွေ ရှိပါတယ်။ တချို့ကိုလည်း ဆက်လက်ပြီးတော့ အသေးစိတ် ဆွေးနွေးနေဆဲရှိသလို အတော်များများကတော့ ကျွန်တော်တို့အားလုံးမှာ လွှမ်းခြုံမိတဲ့ ဆုံးဖြတ်ချက်တွေ ဦးတည်ချက်တွေ ရှိထားပြီးဖြစ်ပါတယ်။

အပြောနဲ့ အလုပ် ညီကြဖို့၊ လက်တွေ့ အကောင်အထည် ဖော်ရမယ့် လုပ်ငန်းစဉ်တွေမှာ စနစ်တကျ အကောင်အထည်ဖော်ကြဖို့ ကျွ အလေးအနက် ထား တိုက်တွန်းခဲ့ပါတယ်၊ ဆက်လက်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေကို ကျွန်တော်တို့ လေးလေးနက်နက် ပြန်လည် သုံးသပ်ပြီး၊ ဒီနှစ် ၂၀၂၅ မှာ ယခင်နှစ်ထက် သာလွန်တဲ့ စွမ်းဆောင် ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါကြောင်း၊ သမ္မတက ပြောကြားပါတယ်။ဆက်လက်ပြီးသမ္မတက နောက်ဆုံးအရေးကြီးဆုံးအချက်အနေနဲ့ ပြောခဲ့ရာမှာ “နောက်ဆုံး အရေးအကြီးဆုံး အချက်အနေနဲ့ ပြောချင်တာကတော့ ယခု ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တယ်၊ ဒါဟာ နည်းနာပိုင်းအရ – ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုတယ်။ မူလရည်မှန်းချက်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး” နဲ့ “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူး ဆိုတာ ထပ်လောင်းပြောကြားချင်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ဟာ အပြောင်းအလဲတွေကို မကြောက်ပါဘူး။ အပြောင်းအလဲတွေကို အလိုရှိလို့လည်း တော်လှန်ရေးအစိုးရအဖြစ် ခံယူပြီး လျှောက်လှမ်းနေခြင်းဖြစ် ပါတယ်။ ကောင်းသော ပြောင်းလဲခြင်းတွေဖြစ်အောင် ပဲ့ပြင်တည်ဆောက်ယူမယ်လို့ ခံယူပါကြောင်း၊ မိမိကိုယ်ကို ပြောင်းလဲဖို့ လိုအပ်လာရင်လည်း – ဘာကိုမှ မတွန့်ဆုတ်ဘဲ တိုင်းပြည်နဲ့ လူထုအတွက် မိမိကိုယ်ကို ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင် နိုင်တယ်ဆိုတာ လက်တွေ့ပြချင်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

၂၀၂၅ သည် တော်လှန်ရေးအင်အားစုများအတွက် အချက်ပေးခေါင်းလောင်းထိုးတဲ့နှစ်ဖြစ်ကာ ခပ်သွက်သွက်ခရီးနှင်ရမယ့်နှစ်ဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။ အရေးကြီးသော အချက်သုံးချက်ကိုလည်း သမ္မတက ထောက်ပြပြောဆိုခဲ့ရာမှာ နံပါတ် (၁) အချက် ကတော့ အမျိုးသားညီညွတ်ရေးအစိုးရကို ကျစ်ကျစ်လစ်လစ်နဲ့ ထိထိရောက်ရောက် အလုပ် လုပ်စေနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲရေး ကိစ္စ။နံပါတ် (၂) ကတော့ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု (၃) နောက်ဆုံးတစ်ချက်ကတော့ မဟာမိတ်ဆက်ဆံရေးကဏ္ဍတို့ ပါဝင်ခဲ့ပါတယ်။လုပ်ဆောင်စရာတွေ များပြားလှတဲ့အနက် အထက်ပါအချက် ၃ ချက်ကတော့ ဒီလတွေအတွင်းမှာကိုပဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရ မယ့် ကဏ္ဍတွေဖြစ်ကြောင်း တိုက်တွန်းပြောကြားသွားတယ်လို့ သိရပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *