ylliX - Online Advertising Network
ရေသောက် ကိုယ်အလေးချိန် ကျ

ရေသောက် ကိုယ်အလေးချိန် ကျ


ရေသောက် ခြင်းက ကိုယ်အလေးချိန်ကျဖို့ တနည်းအားဖြင့် အဆီတွေကျပြီး ကိုယ်ရည်စစ်သွားဖို့ ကူညီပေးနိုင်ပါသလားဆိုရင် ကူညီပေးနိုင်တယ်လို့ပဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတာကို အသေအချာလေး ဖော်ပြပေးသွားပါမယ်။

ရေသောက်ပေးခြင်းကနေ ခန္ဓာကိုယ်တွင်းက စွမ်းအင် သုံးစွဲမှုတွေ တိုးလာစေပြီး အဲ့ဒီကနေ ကယ်လိုရီ လောင်ကျွမ်းသွားစေနိုင်တာကြောင့် ရေသောက်တာက ဝိတ်ချချင်တဲ့ ကွီးတို့အတွက် တကယ်ကို အသုံးဝင်ပါတယ်။


Photo : The Nutrition Source – Havard University

ပြီးတော့ ရေသောက် ပေးတာက ကွီးတို့ရဲ့ အစာစားချင်စိတ်ကိုပါ ထိန်းညှိပေးပါသေးတယ်။ အစားမစားခင် နာရီဝက် (၄၅)မိနစ်လောက်အလိုမှာ ရေတစ်ခွက်လောက် သောက်သုံးပေးခြင်းက အစားစားချိန်ကို ထိန်းညှိပေးသလို ကယ်လိုရီများတဲ့ အစားအစာတွေကို စားသုံးခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ရေသောက်တာက အဆီတွေ ချေဖျက်ရာမှာလည်း ကူညီပေးနိုင်ပါတယ်။ ရေက ကိုယ်အလေးချိန် လျှော့ချရမှာ မရှိမဖြစ်ဖြစ်တဲ့ အဆီတွေကို ချေဖျက်ရာမှာ ကူညီနိုင်တာကြောင့် ဗိုက်အဆီတွေ ခါးအဆီတွေ များနေတဲ့ ကွီးတို့ ရေများများသောက်ဖို့ မမေ့နဲ့တော့နော်။

Photo : Hindustan Times

နောက်ထပ် ဝိတ်ချရာမှာ အရေးအကြီးဆုံး အချက်တွေဖြစ်တဲ့ အစာခြေဖျက်ခြင်းနဲ့ အစာအိမ်က ကြွက်သားတွေ အလုပ်လုပ်ဆောင်မှုတွေကို ရေသောက်ခြင်းကနေ ကူညီပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။ ဒါကြောင့် ရေသောက် တာကို လျှော့မတွက်ပါနဲ့ ခေါင်းကြီးတို့ရေ။

Photo : Tahoe Springs Water

လူတစ်ယောက်က ရေဓါတ်ပြည့်ဝနေဖို့ အမှန်တကယ် လိုအပ်ပါတယ်။ ကိုယ်ရဲ့ ကိုယ်အလေးချိန် အရပ်အမြင့်တို့နဲ့ တွက်ချက်ပြီး တစ်နေ့တာမှာ ရေကို ဘယ်လောက် ပမာဏလောက်အထိ သောက်သုံးပေးသင့်သလဲ ဆိုတာကိုပါ mobile apps တွေကနေတစ်ဆင့်လည်း တွက်ချက်ကြည့်နိုင်ပါတယ်။ နောက်ပြီး ကိုယ်ရဲ့ ဆီးအရောင်ကို check ပြီး ဆီးက ဝါနေမယ်ဆိုရင်တော့ ရေပိုသောက်ပေးဖို့ လိုအပ်နေတယ်ဆိုတာကို သတိထား သိရှိနိုင်ပါတယ်။ တခြား ဘာညာတွေ သောက်တာထက်စာရင် ရေသာ များများသောက်ပါ ကွီးတို့ရေ။

Featued Photo : Great Water Filters





Source link

Leave a Reply

Your email address will not be published. Required fields are marked *