ylliX - Online Advertising Network

ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၇၃ ခုတွင် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်တို့တွင် ကျောင်းသား၊ ကျောင်းသူ ၁ ၀၂၉ ဦး စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆို


ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၇၃ ခုတွင် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်တို့တွင် ကျောင်းသား၊ ကျောင်းသူ ၁ ၀၂၉ ဦး စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆို

ရန်ကုန်  မတ် ၁၅

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ် ဌာန ၇၃ ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်တို့တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ၁၈၀၅၆ ဦး၊ အင်္ဂလိပ်စာဘာသာရပ်နေ့တွင် ၁၈၀၄၅ ဦး၊ သင်္ချာဘာသာရပ်နေ့တွင် ၁၈၀၄၄ ဦး၊ ပထဝီဝင်နှင့် ဓာတုဗေဒဘာသာရပ်နေ့၌ ကျောင်းသား၊ ကျောင်းသူ ၁၈၀၃၄ ဦးနှင့် ယနေ့ သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာ

ရပ်တို့တွင် ၁၈၀၂၉ ဦး  ဖြေဆိုခဲ့ကြသည်။

ယနေ့ ဘာသာရပ်နှစ်မျိုးဖြေဆိုသောနေ့တွင် သမိုင်းဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၁၀၂၉ ဦးဖြေဆိုခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌  အမြင်အာရုံမသန်စွမ်းသူ  သုံးဦးနှင့် အင်းစိန်အကျဉ်းဦးစီးဌာနရှိ အမှတ်(၁၃) အခြေခံပညာအလယ်တန်းကျောင်း  စာစစ်ဌာန၌အကျဉ်းသား ခုနစ်ဦး သမိုင်းဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။ ရူပဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၇၀၀၀ ဖြေဆိုခဲ့ကြပြီးအမြင်အာရုံမသန်စွမ်းသူ သုံးဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှစ်ဦးနှင့် ကမာရွတ်မြို့နယ်၊ တာမွေမြို့နယ်၊ သာကေတမြို့နယ်နှင့်ခရမ်းမြို့နယ်တို့မှ   လေးဦးတို့သည် ဆေးရုံများမှဖြေဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်တို့အား ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၈၀၂၉ ဦးတို့သည် ယနေ့တွင်လည်း ဘာသာရပ်များကို စိတ်အေးချမ်းပျော်ရွှင်စွာဖြေဆိုခဲ့ကြသည်။ ၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲသည်  Grade-12 သင်ရိုးသစ်၊ စနစ်သစ်ဖြင့်  ဖြေဆိုရခြင်းဖြစ်ပြီး  ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာဘာသာရပ်များနှင့် မေးခွန်း ပုံစံများကို သိရှိနားလည်စေရန် ဆရာ၊ ဆရာမများအား သင်တန်းများ ပို့ချပေးခဲ့သည့်နည်းတူ ပညာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade-12 သင်ရိုးသစ်နှင့်ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း ကျောင်းများ၌ လေ့ကျင့်သင်ကြားပေးခဲ့ရာ နွေရာသီ ကျောင်းပိတ်ရက်တွင်လည်း သင်ရိုးသစ်ဘာသာရပ်များနှင့်စပ်လျဉ်း၍  ဆရာ၊ ဆရာမများအား မွမ်းမံသင်တန်းများအဖြစ် လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-မောင်သီဟ

ညိမ်းသူ(သတင်းစဉ်)



Source link

Leave a Reply

Your email address will not be published. Required fields are marked *