ylliX - Online Advertising Network
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြို မောင်/မယ်ရွေးချယ်ခံရသူများ အယောက် ၄၀ စာရင်း ထွက်ရှိလာ -

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြို မောင်/မယ်ရွေးချယ်ခံရသူများ အယောက် ၄၀ စာရင်း ထွက်ရှိလာ –


၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင်/မယ်ရွေးချယ်ခံရသူများ အယောက် ၄၀ စာရင်းထွက်ရှိခဲ့ပါတယ်။” ဒီရွှေကြိုပြိုင်ဆိုင်တဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ အရည်အသွေးတွေ အပြတ်အသတ် ကွာခြားတာ‌တွေ မရှိခဲ့ကြပါဘူး။ ကျွန်တော်တို့ နောက်ဆုံးအဆင့် ရွှေကြိုရွေးချယ်ခဲ့တဲ့ ကလေးတွေကို အကောင်းဆုံး ရွေးချယ်ပေးခဲ့တာပါ” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရွှေကြိုရွေးချယ်ရေးအဖွဲ့ဝင် ပြောခွင့်ရှိသူက ပြောပါတယ်။

ရွှေကြိုရွေးချယ်ခံရသူ ရွှေကြိုမောင် အမျိုးသားတွေကတော့ ပီမန်း၊ ယံသက်ခ၊ အောင်သူဆန်း၊ ဩနေသိမ်၊ မစွမ်းဘုန်းတေဇ၊ဂ္ဂ၊ စပ်ဝဏ္ဏကျော်စွာ၊ သျှိုင်းမာန်၊ ဘုန်းမြတ်မောင်၊ မောင်မြင့်မြတ်၊ ကောင်းခန့်၊ ဉာဏ်မင်းဆက်၊ နန်းဦးလှိုင်၊ လျန်းထက် အောင်၊ ပြည့်စုံ၊ သူရိန်၊ ကိုကိုကျော်၊ အောင်သီဟ၊ ဘုန်းဟိန်း၊ ဖြိုးဟန်ကျော် တို့ဖြစ်ပါတယ်။

ရွှေကြိုရွေးချယ်ခံရသူ ရွှေကြိုမယ် အမျိုးသမီးတွေအနေနဲ့ ဆုကျော့ခိုင်၊ သော်တာလှိုင်ထွန်း၊ ချစ်မမမိုး၊ သဒ္ဒါနန်းထိုက်၊ ထံထျာလင်း၊ ဝိုင်းပြည့်ပြည့်စန်းလွင်၊ မေမီလင်း၊ မီကိုခန့်၊ ကြည်ဇေယျရှင်၊ ကေဇင်ခန့်၊ ဆုစန္ဒီမိုး၊ ကေကေဖြိုး၊ ကြယ်စင်သန့်၊ စီလာဝင်း၊ လင်းဝသန်ဦး၊ ဩမြတ်ခင်၊ ဖူးဖူးနန်းတော်၊ ရှင်းသီရိသူ၊ သင်းနန္ဒီဇော်၊ မိုကိုခန့်တို့ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ရွေးချယ်ခံရသူ ရွှေကြိုမောင်မယ် အမျိုးသား ၂ဝဦးနဲ့အမျိုးသမီး ၂၀ဦးတို့က ဖေဖော်ဝါရီလ နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၄ ခုနှစ်မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ တက်ရောက်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။‌

ရွှေကြိုမောင်မယ်များအဖြစ် အရွေးမခံရသော်လည်း ကျန်ရစ်ခဲ့သူ အရည်အသွေးရှိပြီး ဝါသနာကြီးမားသောမောင်မယ်အားလုံး ကိုလည်း ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး၏ ဖျော်ဖြေရေးကဏ္ဍတွင်ပါဝင်နိုင်ရေး မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဆောင်ရွက်လျက် ရှိပြီး ပါဝင်လိုသူများ အမြန်စာရင်းပေးသွင်းကြရန် ရုပ်ရှင်အစည်းအရုံးက တိုက်တွန်းနှိုးဆော် ထားပါသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *