ylliX - Online Advertising Network

ကယ်လီဖိုးနီးယားတောမီး ငါးဦးထက်မနည်းသေဆုံး



အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့တဝိုက်က နေရာငါးခုမှာ အကြီးအကျယ်လောင်ကျွမ်းနေတဲ့တောမီးကြောင့် ငါးယောက်ထက်မနည်း သေဆုံးပြီး အဆောက်အအုံအခု ၁,၀၀၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။

အခုလောင်နေတဲ့မီးကို မီးသတ်သမားတွေ ငြှိမ်းသတ်နေတဲ့တချိန်တည်းမှာပဲ LA မြို့ တဝိုက်မှာရှိတဲ့ လူ တသိန်းသုံးသောင်း (၁၃၀,၀၀၀) ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ ဒီနေ့ ဇန်နဝါရီ ၉ ရက်နေ့ မနက်အစောပိုင်းမှာ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

Hollywood Hills လူနေရပ်ကွက်မှာ မနေ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတုန်းက အလျင်အမြန်လောင်ကျွမ်း နေတဲ့တောမီးအသစ်တခုကြောင့် နောက်ထပ်တသုတ်အဖြစ် လူတွေ ဘေးလွတ်ရာရွှေ့ဖို့ အမိန့်ထုတ် ထားပါတယ်။ ခြောက်သွေ့တဲ့ အခြေအနေနဲ့ လေပြင်းတိုက်ခတ်တာကြောင့် အခုလိုတောမီးတွေ ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက်ဖြန်သောကြာနေ့အထိ ဆက်လောင်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

လေတိုက်နှုန်းပြင်းတာကြောင့် လေယာဉ်နဲ့ မီးငြှိမ်းသတ်တာတွေကို အစောပိုင်းက မလုပ်နိုင်ခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ လေတိုက်နှုန်းကျလာတဲ့အတွက် လေယာဉ်နဲ့မီးငြှိမ်းတာ ပြန်လုပ်နိုင်တော့မယ်လို့ Pasadena မီးသတ်ဌာနအကြီးအကဲ Chad Augustine က ပြောပါတယ်။

ဒီတောမီးလောင်ကျွမ်းမှုကို ပြည်ထောင်စု အရေးပေါ် အခြေအနေအဖြစ် သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်တာကြောင့် တောမီးငြှိမ်းသတ်ရေးအတွက် ဖက်ဒရယ်အစိုးရ အရင်းအမြစ်နဲ့ ရန်ပုံငွေတွေ ချထားပေးမှာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားတောမီးကို ပြည်ထောင်စုအစိုးရအနေနဲ့ အကူအညီတွေ အပြည့်အဝပေးနိုင်အောင် အာရုံစိုက်လုပ်သွားနိုင်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်ဟာ အီတလီနိုင်ငံသွားဖို့ ခရီးစဉ်ဖျက်လိုက်တယ်လို့ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် တောမီးငြှိမ်းသတ်နိုင်ဖို့ ထပ်ဆင့်အကူအညီတွေပေးသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကတိပြုထားပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *