OnePlus က စွမ်းရည်မြင့် 13R ကို ကြေညာလိုက်ပါတယ်။ 12GB RAM / 256GB Storage ကို ၆၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
အဲဒီဖုန်းမှာ 50MP Main ကင်မရာ တပ်ဆင်ထားပြီး OIS ပါလာပါတယ်။ 4K 60fps Video ရိုက်နိုင်ပါတယ်။ 50MP Telephoto ကင်မရာက 4x Zoom နဲ့ ရိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 8MP Ultrawide ကင်မရာနဲ့ အားဖြည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။
Snapdragon 8 Gen 3 Chipset ထည့်ထားပြီး Android 15 အခြေပြု OxygenOS 15 ပါလာပါတယ်။ OS Update ကို ၄ နှစ်နဲ့ Security Patch ကို ၆ နှစ်ရမှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ 6,000mAh Battery ထည့်ထားပြီး 80W SuperVOOC Charging ပါပါတယ်။
IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး ရေစိုတဲ့လက်နဲ့ Display ကို အသုံးပြုနိုင်ပါတယ်။ လက်အိတ်ဝတ်ထားရင်လည်း အသုံးပြုနိုင်တဲ့ Glove Mode ထည့်သွင်းထားပါတယ်။ Astral Trail နဲ့ Nebula Noir အရောင် ထုတ်လုပ်ထားပြီး Display ကို Gorilla Glass 7i နဲ့ ကာကွယ်ထားပါတယ်။
6.78” 1264x2780p LTPO OLED Display တပ်ဆင်ထားပြီး 1-120Hz Refresh Rate ထည့်ထားပါတယ်။ HDR10+ နဲ့ Dolby Vision Support ပါလာပါတယ်။
Ref : Gsmarena
Share This Story, Choose Your Platform!
Go to Top