ylliX - Online Advertising Network

Fact Check: ဗိုလ်ချုပ်ရာပြည့်နဲ့အဖွဲ့ကို ပြည်သူကို တောင်းပန်ပြီး အမှားဝန်ခံဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလား -မဟုတ်ပါ


လာရောက်တွေ့ဆုံ ဆွေးနွေးတဲ့ ဗိုလ်ချုပ်ရာပြည့်နဲ့အဖွဲ့ကို ပြည်သူကိုပဲ တောင်းပန်ပြီး အမှားကို ဝန်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလွှတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ တကယ်တော့ သတင်းတုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၄ သိန်းကျော်ဝန်းကျင်ရရှိ ထားပြီးဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဒီဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။ 

 “ပြတ်သားလိုက်တဲ့ ပြည်သူ့မိခင်

ငါနဲ့လာမညှိနဲ့ ပြည်သူကိုတောင်းပန်

ဒေါအောင်ဆန်းစုကြည်ကို သွားရောက်ဆွေးနွေးတဲ့ ရာပြည့်တို့အဖွဲ့ ပြည်သူကို ပဲ တောင်းပန်ပြီး အမှားကို ဝန်ခံဟု ပြောလွှတ်လိုက်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေနဲ့ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို ကူးယူပြီး ဗွီဒီယို ပုံစံနဲ့ ပြန်လည် ဖြန့်ချိနေတာ တွေ့ရပါတယ်။ ဒီလိုဖြန့်ချိရာမှာ လုပ်ကြံ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိပါတယ်။ 

အခုလည်း ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ “ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်မှာလား” ဆိုတဲ့လူမှုကွန်ယက်ပို့စ်တခုကို ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။ မူလပို့စ်မျှဝေသူဖြစ်တဲ့ မြတ်ထွန်းဦးဟာ စစ်တပ်ဖရဲသီးသဏ္ဏာန်နဲ့ လူမှုကွန်ယက်မှာ ဆောင်းပါးတွေရေးသားပါတယ်။ ဒီဆောင်းပါးရှင်ရဲ့ မူလဖော်ပြချက်မှာ ဗိုလ်ချုပ်ရာပြည့်ဟာ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့မှာ စစ်တပ်ခန့်ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးရှိခဲ့လို့ စစ်တပ်အာဏာသိမ်းအပြီးမှာ တကြိမ် ကျန်းမာလားမေးမြန်းခဲ့တာကလွဲလို့ တစုံတရာတွေ့ဆုံတာမရှိဘူးလို့ ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အခြေအနေမှန် မသိရှိဘဲ ဖြစ်နေတဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ခေါင်းဆောင်တောင်းဆိုတဲ့ ၂၀၂၀ ခုနှစ်‌ ရွေးကောက်ပွဲ မဲသမာမှုကို ပြန်စစ်ဖို့တောင်းဆိုချက်ကို မလိုက်လျော့ခဲ့ဘဲ အခုလမ်းကို ရွေးချယ်လိုက်တာ ဟာ အဆုံးအစွန်ဆုံးလမ်းကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း သိသာစေကြောင်းလည်း ဆောင်းပါးရှင်က ထောက်ပြထားပါတယ်။ ဒီအချက်အလက်တွေ ဘယ်လောက်မှန်ကန်မှုရှိသလဲဆိုတာကိုတော့ Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်နိုင်ခြင်းမရှိပါဘူး။ 

ဒီလိုပဲ ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် လူမှုကွန်ယက်စာမျက်နှာတခုက‌ဖော်ပြခဲ့တဲ့  “ပြဒါးတလမ်း သံတလမ်း ဖြစ်သွားပြီ ဖြစ်တဲ့ DASSK နဲ့ မအလ စစ်တပ် ( ၁/၃)”ဆိုတဲ့ အကြောင်းအရာကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

တကယ်တမ်းမှာတော့ လူမှုကွန်ယက်အသုံးပြုသူတဦး ရေးသားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးထက် အဆုံးအစွန်ထိ သွားဖို့ လမ်းစကို ရွေးခဲ့တာဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို ပြန်လည် စစ်ဆေးဖို့ စစ်ခေါင်းဆောင် တောင်းဆိုခဲ့တာကို ငြင်းပယ်လိုက်ကတည်းက သိသာစေတဲ့ အတွေးအမြင်ဆောင်းပါးတပုဒ်ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဗိုလ်ချုပ်ရာပြည့်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ တယ်ဆိုတဲ့ အထောက်အထားမရှိချိန်မှာ  ပြည်သူကိုပဲ တောင်းပန်ပြီး အမှားကို ဝန်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလွှတ်လိုက်တယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။

ပြောဆိုချက်- လာရောက်ညှိနှိုင်းတဲ့ ဗိုလ်ချုပ်ရာပြည့်နဲ့အဖွဲ့ကို ပြည်သူကို တောင်းပန်ပြီး အမှားဝန်ခံဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

Avatar

Title:Fact Check: ဗိုလ်ချုပ်ရာပြည့်နဲ့အဖွဲ့ကို ပြည်သူကို တောင်းပန်ပြီး အမှားဝန်ခံဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလား -မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False



Source link

Leave a Reply

Your email address will not be published. Required fields are marked *