ylliX - Online Advertising Network

ဂျေဂျူးလေယာဉ်မပျ-က်ခင်လေးမိနစ်ခန့်မှတ်တမ်းဘလက်ဘောက်စ်မှာ မတွေ့


ဒီဇင်ဘာလ ၂၉ ရက်‌ေန့က ပျ-က်ကျခဲ့သော ဂျေဂျူးလေကြောင်းလိုင်း လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာနှင့် လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်ကိရိယာ(ဘလက်ဘောက်စ်) များသည် တောင်ကိုရီးယားနိုင်ငံ Muan လေဆိပ်ရှိ ကွန်ကရစ်တံတိုင်းနှင့် လေယာဉ်မတို-က်မိခင် လေးမိနစ်ခန့်စာ မှတ်တမ်းတင်မှု ပြတ်တောက်ခဲ့သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားလိုက်သည်။

လူ ၁၇၉ ဦး ‌ေ-သဆုံးခဲ့ပြီး တောင်ကိုရီးယားမြေတွင် ဖြစ်ခဲ့သမျှ၌ အဆိုးဝါးဆုံးဖြစ်သော လေကြောင်းမတော်တဆမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသည့် အာဏာပိုင်များသည် ဘလက်ဘောက်စ်များ၏ မှတ်တမ်းတင်မှု ရပ်တန့်သွားခဲ့ခြင်း အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်ရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပျက်စီးမှုဖြစ်ခဲ့သည့် လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို အမေရိကသို့ ပို့ဆောင်ကာ အမေရိကန်လေကြောင်းဘေးကင်းရေးအဖွဲ့အစည်းနှင့် ပူးပေါင်း၍ စစ်ဆေးဖော်ထုတ်လျက်ရှိသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ မတော်တဆမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးဟောင်း ဆင်မ်ဂျေးဒွန်က အရေးကြီးသော နောက်ဆုံးမိနစ်အခိုက်အတန့်၏ ဒေတာပျောက်ဆုံးမှုသည် အံ့အားသင့်ဖွယ်ဖြစ်ကြောင်းနှင့် လေယာဉ်သည် အရန်ဓါတ်အားစနစ်အပါအဝင် လျှပ်စစ်ဓါတ်အားအားလုံးကို ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်နိုင်ကြောင်း သဘောထား မှတ်ချက်ပေးသည်။

စုံစမ်းစစ်ဆေးမှုအတွင်း ရနိုင်သမျှသော အခြားအချက်အလက်များကိုလည်း အသုံးပြုသွားမည်ဖြစ်ကာ စစ်ဆေးမှုသည် ပွင့်လင်းမြင်သာရှိစေမည်ဖြစ်ကြောင်းနှင့် သတင်းအချက်အလက်များကို ‌ေ-သဆုံးသူများ၏ မိသားစုများကို မျှဝေမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။

‌ေ-သဆုံးသူများ၏ အချို့မိသားစုဝင်များက သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် စုံစမ်းစစ်ဆေးမှုကို ဦးမဆောင်သင့်ကြောင်းနှင့် မိသားစုများက အကြံပြုထားသူများအပါအဝင် လွတ်လပ်သော ကျွမ်းကျင်သူများ ပါဝင်သင့်ကြောင်း ပြောကြားကြသည်။

လေယာဉ်ပျ-က်ကျမှုကို စုံစမ်းစစ်ဆေးမှုတွင် လေယာဉ်ဆင်းသက်မှုကို အထောက်အကူဖြစ်စေရန် အသုံးပြုသည့် အချက်ပြစနစ်ကိုကောင်းစေရေး ရည်ရွယ်သော အကာအရံတံတိုင်းနှင့်ပတ်သက်၍လည်း အာရုံစိုက်ထားသည်။ ယင်းတွင် အကာအရံတံတိုင်းကို မာကျောသောပစ္စည်းများကိုအသုံးပြုကာတည်ဆောက်ခဲ့ခြင်းနှင့် လေယာဉ်ပြေးလမ်းအဆုံးနှင့် အလွန်နီးကပ်စွာတည်ဆောက်ထားခြင်းဆိုသော အချက်များ ပါဝင်သည်။

Ref: ယူအက်စ်နူးစ်



Source link

Leave a Reply

Your email address will not be published. Required fields are marked *