ylliX - Online Advertising Network

တက်လမ်းအမှား – PCT NEWS HOMEPAGE








၂၀၂၁ ရွေးကောက်ပွဲမဲမသမာမှုများကြောင့် အာဏာထိမ်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အနူဂျီတို့ရဲ့ မြှောက်ပင့်ပေးမှုများကြောင့် ပေါ်ပေါက်လာခဲ့တဲ့ PDF လူငယ်တွေဟာ အထက်ရောက်ရင် လျှောက်လှမ်း စရာလမ်းမရှိတဲ့ လှေကားတစ်ခုပေါ်ကို တက်လှမ်းနေကြတယ်ဆိုတာကို ပဒက်တွေရဲ့ ၁၀၀ % မှာ ၈၅ % ကသိနေကြပါပြီ။ သိနေကြလို့လည်း နေရပ်ကို ပြန်လာတဲ့သူတွေပြန်လာကြပြီး တချို့တချို့သော ကျွံဝင် သွားကြတဲ့ လူငယ်တွေကတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့လမ်းကို သိသိကြီးနဲ့ လျှောက်လှမ်းနေကြရပါတော့တယ်။

မက်လုံးအမှား ခံယူချက်အမှားတွေနဲ့ EAOs တွေရဲ့ အသုံးချခံ လူသားတံတိုင်းတွေအဖြစ်နဲ့ လောကကြီးက ပျောက်ကွယ်သွားကြတဲ့ လူငယ်တေ ဒုနဲ့ဒေးပါပဲ။

သူတို့မသိတာလား? လို့ မေးလာခဲ့ရင် သူတို့သိပါတယ်။ ဒါဆိုဘာလို့ ပြန်မလာကြတာလဲ? လို့မေးရင်တော့ EAOs ရဲ့ဥပဒေဆိုတာ တရားရေးစာအုပ်တွေ ဥပဒေပြဌာန်းချက်တွေမှမဟုတ်တာ သူတို့ကိုင်ထားတဲ့ လ//က်န/က်နဲ့ သူတို့ နှုတ်ဖြားကထွက်တဲ့စကားက သူတို့ဥပဒေဆိုတော့ တာဝန်မထမ်းဆောင်ချင်ဘူး အိမ်ပြန်ချင်တယ် လို့ပြောလိုက်တာနဲ့ တမဟုတ်ချင်း ပျောက်ကွယ်သွားရတာဆိုတော့ ဘယ်သူက လွန်ဆန်ရဲတော့မှာလဲ?

PDF လူငယ်တွေအနေနဲ့ကတော့ ပြန်လမ်းမဲ့လမ်းတွေကို ဆက်လျှောက်လှမ်းနေမယ်ဆိုရင် မိဘဆွေမျိုး ရပ်ရွာတွေကို ပြန်မရောက်နိုင်တော့မယ့် တက်လမ်းအမှားကြီးကို နောင်တရစွာနဲ့ ပြန်လှည့်လာခဲ့ပါလို့ အသိပေးချင်တယ်။ ဘာလို့ဒီလိုပြောနိုင်လဲဆိုရင်တော့ အခု AA တွေသိမ်းနိုင်ပြီဆိုတဲ့ ကျောက်တော်၊ ကျောက်နီမော်၊ အမ်း၊ မောင်တော ဒေသတွေ အခု ဘယ်လိုဖြစ်နေပြီလဲ?ဆိုတာ အရင်စုံစမ်းပါ။ မတ္တရာဒေသမှာ ဖြစ်နေတဲ့ အခြေအနေမှန်တွေကဘာလဲ? ကျောက်မဲ သိန္ဒီ၊ နမ့်ဆန်၊ တောင်ခမ်းဒေသတွေမှာ ပလောင်တွေ အခြေအနေမှန်ကိုစုံစမ်းပြီး ကြည့်လိုက်ရင်သိကြမှာပါ။ တပ်ကတော့ရှင်းတယ် ခြေသံလုံလုံနဲ့ သူ့အလုပ်သူ ဆက်လုပ်သွားမှာပါ။

နောက်ဆုံးသတိပေးချင်တာကတော့ တက်လမ်းဆိုတာ ပန်းတိုင်ရှိမှ ရည်မှန်းချက်ရှိမှ ဆက်လျှောက်ရမယ့် လမ်းတွေရှိမှ ဆက်တက်ရမှာပါ။ ပုံမှာပါတဲ့အတိုင်း တက်လမ်းဆိုရင်တော့…….

တွေးတောဆင်ခြင် လမ်းမှန်ပြင်နိုင်ကြပါစေ။
KT




Source link

Leave a Reply

Your email address will not be published. Required fields are marked *