ylliX - Online Advertising Network
ပညာရေး ဒရာမာဇာတ်လမ်းပုံစံ “အစ်မ အရိပ်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး၊ မိတ်ဆက်

ပညာရေး ဒရာမာဇာတ်လမ်းပုံစံ “အစ်မ အရိပ်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး၊ မိတ်ဆက်


၁၂.၁.၂၀၂၅
Written By Thandar

ပညာရေး ဒရာမာဇာတ်လမ်းပုံစံ “အစ်မ အရိပ်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုနဲ့ မိတ်ဆက်ပွဲကို ယနေ့ ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မဟာဝိဇယဘုရားမှာ ကျင်းပခဲ့ပါတယ်။

“အစ်မအရိပ်ဇာတ်လမ်းတွဲလေးကတော့ တကယ့်ကို ပညာပေးဇာတ်လမ်းပုံစံမျိုးလေးကိုမှ ဒရာမာ ဇာတ်လမ်းလေးပါ။ ရှေ့မှာလည်း လင်ကြမ်းမယားကြမ်း ဇာတ်လမ်းကို ပရိသတ်တွေကအားပေးမှု အများကြီး ရခဲ့တော့ သူတို့တွေက ဇာတ်ကားလေး ထပ်ရိုက်ဖို့အတွက် တိုက်တွန်းကြလို့ ဒီကားလေးကိုရိုက်ကူးဖြစ်တာပါ။ ကျွန်တော်တို့ မအာကာမြင့်အောင်တို့က အနုပညာသမားစစ်စစ်တွေဖြစ်တဲ့အတွက် ပြင်ဆင်မှုဆိုတာထက်ကို တကယ် အံဝင်ခွင်ကျ အဲ့ဇာတ် ကောင်ကာရိုက်တာကိုဖြစ်အောင် ရိုက်မယ်လို့ပဲ တွေးထားတာပါ။ ဒီကားထဲမှာဆိုရင် အစ်မ အာကာမြင့်အောင်က အစ်မအကြီးတစ်ယောက် ကာရိုက်တာမျိုးနဲ့ မြင်ရမှာဖြစ်သလို ကျွန်တော့်ကိုဆိုရင်လည်း ပြားကိုးဆယ် ကာရိုက်တာမျိုးနဲ့ မြင်တွေ့ရမှာပါ”လို့ သရုပ်ဆောင် ခွန်သာချိုကပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းပိုင်းကို ခွန်သာချိုရေးသားပြီး ဒါရိုက်တာ မဟာ(M.Sc)၊ သရုပ်ဆောင်တွေဖြစ်တဲ့ ခွန်သာချို ၊ အာကာမြင့်အောင်၊အကယ်ဒမီ အောင်ခိုင်၊ ရဲမွန် ၊ ခိုင်နိုး ၊ ဒေါ်စန်းစန်းဝင်း ၊ အကယ်ဒမီ ခင်စိုးပိုင် ၊ အေဏီဇော် ၊ အကယ်ဒမီ ခင်မို့မို့အေး၊ ခင်ခင်ကြီး ၊ အိမ့်ခြူးပွင့် ၊ ညိုမိ ၊ အိန္ဒြာချမ်းမြေ့နဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီကားလေးက ဇာတ်လမ်းအရမ်းကောင်းတယ်။ ကျွန်တော့်အနေနဲ့ အာကာမြင့်အောင်ကို မြေမြိုခံရသော မရင်ရွှေအပါအဝင် ပညာပေးဇာတ်ကားတွေ ကား ၁၀၀ ကျော်လောက်ထိ ရိုက်ခဲ့တယ်။ အဓိက က ကျွန်တော်တို့က ဇာတ်ကားတစ်ကားကို ရိုက်တော့မယ်ဆိုရင် ဇာတ်ကို အရင်ကြည့်တာပါ။ ခွန်သာချိုရဲ့ ဇာတ်က အရမ်းကို ဆန်းပြီး ဇာတ်လမ်းလေးလည်း ကောင်းတဲ့အတွက် လက်ခံရိုက်ကူးပေးဖြစ်တာပါ”လို့ ဒါရိုက်တာ မဟာ(M.Sc)က ပြောပါတယ်။

အစ်မ အရိပ် ဇာတ်လမ်းတွဲကို လာမယ့် ဇန်နဝါရီ ၂၁ ရက်မှာစတင်ပြီး ရန်ကုန်မြို့နယ်အတွင်းရှိ နေရာဒေသတွေမှာ ရိုက်ကူးမယ်လို့ သိရပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *