ylliX - Online Advertising Network

အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း


 

အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့၏ (၁၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက် (သောကြာနေ့) မွန်းလွဲ (၁၃:၃၀) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာများ၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သဘောထားမှတ်ချက်များနှင့်အညီ  စည်းမျဉ်းအရ USF ရန်ပုံငွေကို အတိုးနှင့် အကျိုးအမြတ်ရရှိစေရေး ဆောင်ရွက်သင့်သည့်ကိစ္စများ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်မကျေးရွာနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျေးရွာတို့တွင် ဆက်သွယ်ရေးကွန်ရက် ရရှိရေးအတွက် ဆက်သွယ်ရေးအော်ပရေတာ(၄)ဦးအား တင်ဒါခေါ်ယူဆောင်ရွက်ထားသည့်ကိစ္စများ၊ SIM Registration Management System တည်ဆောက်ခြင်းလုပ်ငန်းအတွက် စတုတ္ထအရစ်ငွေပေးချေထားမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *