ylliX - Online Advertising Network
Loading

■ ဒုတိယကြိမ်မြှောက် Fauna & Flora-Myanmar Programme အဖွဲ့အား လက်ခံတွေ့ဆုံခြင်း


Loading

10 January, 2025 _________ MTF
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်၊ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ Fauna & Floral International Consultant ဖြစ်သည့် Prof. Philip Dearden နှင့် အဖွဲ့ဝင် ၂ ဦးပါသော အဖွဲ့ဝင်များမှ လာရောက်တွေ့ဆုံရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံပေးနှင့် တာဝန်ရှိသူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ လက်ခံတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံရာတွင် အဏ္ဏဝါရေကြောင်း စီမံခန့်ခွဲမှုဆိုင်ရာများအတွက် မိမိဆန္ဒအရ ပူးပေါင်းဆောင်ရွက်ခြင်းသဘောတူညီချက်မူဝါဒ (The Voluntary Partnership Agreement – VPA Policy) များနှင့်ပတ်သက်၍ အဓိက ဆွေးနွေးခဲ့ကြပြီး Prof. Philip Dearden မှ Voluntary Partnership Agreements for Improved Livelihoods and Conservation နှင့်ပတ်သက်၍ Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အဖွဲ့ချုပ် တက်ရောက်သူများမှ မြန်မာနိုင်ငံတွင် Marine Eco Tourism ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်အပ်ချက်များအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး သိလိုသည်များအား မေးမြန်းကာ အစည်းအစည်းအား မွန်းလွဲ ၁၂ နာရီခွဲတွင် ရုတ်သိမ်းလိုက်သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *