ylliX - Online Advertising Network
HDMI အဖွဲ့အစည်းက CES 2025 တွင် HDMI 2.2 Specification ကို ကြေညာ

HDMI အဖွဲ့အစည်းက CES 2025 တွင် HDMI 2.2 Specification ကို ကြေညာ


Image via FlatpanelsHD

HDMI 2.2 ကို ဒီဇင်ဘာလကတည်းက CES 2025 မှာ မိတ်ဆက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် HDMI Forum Inc. က CES 2025 နည်းပညာပြပွဲမှာ HDMI specification အသစ်ကို တရားဝင် ကြေညာခဲ့ပါတယ်။ ယခင် HDMI 2.1ဟာ ၂၀၁၇ ဇန်နဝါရီလမှာ ပထမဆုံး ကြေညာခဲ့ပေမဲ့ ၂၀၂၀ နဲ့ ၂၀၂၁ခုနှစ်လောက်မှ PS5 နဲ့ Xbox Series X လို ဂိမ်းစက်တွေနဲ့ LG OLED CX လို တီဗီတွေမှာ ပါဝင်လာတာကြောင့် လူသိများလာခဲ့တာပါ။

High-Definition Media Interface လို့ အဓိပ္ပာယ်ရတဲ့ HDMI ဟာ အကောင်းဆုံး တီဗီတွေနဲ့ အကောင်းဆုံး မော်နီတာတွေလိုမျိုး display တွေမှာ တွေ့ရလေ့ရှိတဲ့ အသုံးများတဲ့ connection port တစ်ခု ဖြစ်ပါတယ်။ ဒါဟာ အဲဒီ display တွေနဲ့ အခြားရုပ်သံပစ္စည်းတွေဖြစ်တဲ့ 4K Blu-ray player တွေ၊ soundbar တွေနဲ့ ဂိမ်းစက်တွေကို ချိတ်ဆက်ပေးနိုင်ပါတယ်။

Image via FlatpanelsHD
Image via FlatpanelsHD

Image via FlatpanelsHD

HDMI 2.2 က 4K, 8K, 10K, 12K နဲ့ HDMI 2.2 မှာမှ အသစ်ပါဝင်လာတဲ့ 16K အပါအဝင် resolution အမျိုးမျိုးကို ပံ့ပိုးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် HDMI 2.1 ရဲ့ 48gbps နဲ့ DisplayPort ရဲ့ 80gbps ထက် ပိုများတဲ့ 96gbps bandwidth လည်း ပါဝင်လာမှာပါ။ HDMI 2.2 က 4K resolution ကို 480Hz refresh rate နဲ့လည်း ပံ့ပိုးပေးမှာပါ။

Image via FlatpanelsHD

HDMI 2.2 စံနှုန်းသတ်မှတ်ချက်ကို ကြေညာတာအပြင် HDMI က 96gbps နဲ့ HDMI 2.2 ရဲ့ လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးတဲ့ Ultra96 HDMI cable ကိုလည်း ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ ရရှိနိုင်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

Image via FlatpanelsHD
Image via FlatpanelsHD

AV receiver တွေ ဒါမှမဟုတ် soundbar တွေနဲ့ တီဗီတွေလိုမျိုး အသံနဲ့ ဗီဒီယို ပစ္စည်းတွေရဲ့ အသံနဲ့ ရုပ်ပုံ ထပ်တူကျမှုကို ပိုကောင်းစေမယ့် HDMI Latency Indication Protocol (LIP) ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

HDMI 2.2 ကို တီဗီနဲ့ display အမှတ်တံဆိပ်တွေလိုမျိုး ထုတ်လုပ်သူတွေအတွက် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ ရရှိနိုင်ဖို့ စီစဉ်ထားပါတယ်။

HDMI 2.2 က တီဗီတွေနဲ့ ဂိမ်းစက်တွေအတွက် ဘာအဓိပ္ပာယ်လဲ၊ ဘယ်တော့လောက် တွေ့ရမလဲ?

အဖြေကတော့ လက်ရှိအချိန်မှာ သိပ်ထူးခြားမှု မရှိသေးသလို မကြာခင်မှာလည်း တွေ့ရဖို့ မလွယ်သေးပါဘူး။ ၂၀၂၅ခုနှစ်မှာ HDMI 2.2 ရရှိနိုင်မယ်ဆိုပေမဲ့ ထုတ်လုပ်သူတွေက သူတို့ရဲ့ ပစ္စည်းတွေမှာ တကယ်သုံးနိုင်ဖို့တော့ အချိန်ကာလတစ်ခုယူရဦးမှာပါ။

HDMI 2.1 ဟာ ကြေညာပြီးချိန်ကနေ အမှန်တကယ်သုံးနိုင်တဲ့အထိ ၃ နှစ်ကနေ ၅ နှစ်အထိ ကြာမြင့်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဈေးကြီးတဲ့ OLED TV တွေမှာ စတင်တွေ့ရှိရပြီး နောက်ပိုင်းမှ ဈေးသက်သာတဲ့ display တွေမှာပါ အသုံးများလာတာ တွေ့ရပါတယ်။ HDMI 2.2 လည်း အလားတူ ကြာမြင့်နိုင်ပါတယ်။

HDMI 2.2 က 8K (HDMI 2.1 ရဲ့ 8K, 60Hz နဲ့ယှဉ်ရင် 240Hz) နဲ့ 16K လိုမျိုး မြင့်မားတဲ့ resolution တွေကို ပံ့ပိုးပေးနိုင်ပေမဲ့ အဲဒီ resolution တွေကို ပံ့ပိုးပေးနိုင်တဲ့ ပစ္စည်းတွေ မရှိသေးတာကလည်း ပြဿနာတစ်ခုပါ။ ဥပမာ 8K TV တွေဆိုရင် လူကြိုက်နည်းလာတာ တွေ့ရပြီး တီဗီထုတ်လုပ်သူအများစုကလည်း ဈေးကြီးတဲ့ 8K နည်းပညာကို လက်လျှော့နေကြပါတယ်။ Samsung ကုမ္ပဏီတစ်ခုသာ နှစ်စဥ် 8K တီဗီတွေကို ဖန်တီးနေတာဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ ဈေးနှုန်းကြီးမြင့်တာသလို 8K ရုပ်ရှင် ဒါမှမဟုတ် တီဗီအစီအစဉ်တွေလည်း အလွန်နည်းပါးနေတာကြောင့်ဖြစ်ပါတယ်။

ရုပ်ရှင် ဒါမှမဟုတ် တီဗီအစီအစဉ်တွေထက် 8K မှာ ဂိမ်းကစားတာက ပိုအဆင်ပြေနိုင်ပေမဲ့ PS5 Pro နဲ့ AMD Radeon RX 7900 GRE လိုမျိုး အကောင်းဆုံး ဂရပ်ဖစ်ကဒ်တွေ၊ နောက်ပြီး မကြာသေးခင်က ကြေညာခဲ့တဲ့ Nvidia GeForce RTX 5090 တို့က 8K resolution ကို ပံ့ပိုးပေးပေမဲ့ 8K ဂိမ်းအရေအတွက် (အထူးသဖြင့် frame rate မြင့်မြင့်နဲ့) က ရှားပါတယ်။ ဒါ့အပြင် အဲဒီဂိမ်းတွေကို ကောင်းကောင်း ကစားနိုင်ဖို့ စွမ်းအားကောင်းပြီး ဈေးကြီးတဲ့ ပစ္စည်းတွေ လိုအပ်ပါတယ်။

ဒါပေမဲ့ အနာဂတ်မှာ ထွက်လာမယ့် ပစ္စည်းတွေရဲ့ spec စာရင်းတွေမှာတော့ HDMI 2.2 ကို တွေ့ရဖို့ မျှော်လင့်နိုင်ပါတယ်။ ထုတ်လုပ်သူတွေက HDMI 2.2 ရဲ့ အကျိုးကျေးဇူးအပြည့်အဝကို ချက်ချင်း မရရှိနိုင်သေးပေမဲ့ မားကတ်တင်းပိုင်းအတွက်တော့ ကောင်းကောင်းအသုံးဝင်လာမှာပါ။ အခုဆို အကောင်းဆုံး ဂိမ်းဆော့တဲ့ တီဗီတွေမှာ ဈေးကြီးတာရော ဈေးသက်သာတာရော HDMI 2.1 ပါနေတာများတော့ HDMI 2.2 ကို အသစ်အဆန်းအနေနဲ့ ထည့်ပြောရင် ပိုပြီး ဆွဲဆောင်မှု ရှိမှာပါ။

HDMI 2.2 ဟာ တီဗီနဲ့ ဂိမ်းလောကရဲ့ အနာဂတ်ဖြစ်လာမှာ သေချာပေမဲ့ အကျိုးကျေးဇူးအပြည့်အဝကို သုံးစွဲသူအများစု ခံစားနိုင်ဖို့တော့ နောက်ထပ် နှစ်အနည်းငယ် စောင့်ရဦးမှာပါ။ HDMI 2.1 ကနေ 10K ရုပ်ထွက်ကို မကြာခင် ရနိုင်ဖို့ မမြင်သေးတာကြောင့် HDMI 2.2 ကနေ 12K နဲ့ 16K ရုပ်ထွက်ကို ရဖို့ အတော်လေး ဝေးပါသေးတယ်။

Source: TechRadar and FlatpanelsHD





Source link

Leave a Reply

Your email address will not be published. Required fields are marked *