ylliX - Online Advertising Network

ဗောက်လောက်ရွက်သုပ်


 

မာမာ ဒီနေ့တော့ မာမာ့အိမ်မှာ အလေ့ကျ ပေါက်နေတဲ့ ဗောက်လောက်ရွက်လေးတွေခူးပြီး  ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဗောက်လောက်ရွက် – 
  2. အာလူး –
  3. မြေပဲလှော် – 
  4. ကြက်သွန်နီ – 
  5. ငရုတ်သီးစိမ်း – 
  6. ငရုတ်သီး အလှော်မှုန့် –
  7. ပဲအကျက်မှုန့် – 
  8. ငါးငံပြာရည် – 
  9. ကြက်သွန်ဖြူ ဆီချက် အဖတ် – 
  10. ကြက်သွန်နီ ဆီချက် –  
  11. အရသာမှုန့် – 
  12. သံပုရာသီး – 
  13. ပုဇွန်ခြောက်မှုန့် –

ပြင်ဆင်ပုံ
  • ဗောက်လောက်ရွက်ရဲ့ အရင်းပိုင်း ရင့်နေတဲ့နေရာကို ဖယ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဗောက်လောက်ရွက်ကို ထည့်ပြီး မိနစ်ဝက်လောက်ထားကာ ရေ‌နွေးများ သွန်ပေးပါ
  • ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အာလူးကို နူးအောင်ပြုပ်ပြီး အခွံခွာကာ မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ဗောက်လောက်ရွက်များ အာလူး ကြက်သွန်နီ ငရုတ်သီးစိမ်း ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူ ဆီချက်ဖတ် ကြက်သွန်နီဆီချက် မြေပဲထောင်း ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အသုပ်စုံလေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *