အမေရိကန်ပြည်ထောင်စု၊ လပ်ဗီးဂပ်စ်မြို့ – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် – ကမ္ဘာ့ထိပ်တန်း ပရီမီယံလက်ပ်တော့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ MSI ဟာ လှပတဲ့ဒီဇိုင်းတွေ၊ အမြင့်ဆုံး စွမ်းဆောင်ရည်တွေနဲ့ တီထွင်ဆန်းသစ်တဲ့ နည်းပညာတွေကိုအခြေခံပြီး သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ခြေလှမ်းမှန်မှန် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာ MSI က CES 2025 ပွဲမှာ နောက်ဆုံးပေါ် NVIDIA® GeForce RTX™ 50 စီးရီး Laptop GPU တွေနဲ့ နောက်ဆုံးပေါ် Intel® Core™ Ultra Series 2၊ AMD Ryzen™ 9000 Series နဲ့ AMD Ryzen™ AI 300 Series ပရိုဆက်ဆာတွေ တပ်ဆင်ထားတဲ့ သူတို့ရဲ့နောက်ဆုံးပေါ်လက်ပ်တော့အသစ်တွေကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသလိုက်ပါတယ်။ MSI က သူတို့ရဲ့ အထူးသီးသန့်ဖန်တီးထားတဲ့ Titan 18 HX Dragon Edition Norse Myth ကို ကြေညာခဲ့ပြီး လက်နဲ့ရေးဆွဲထားတဲ့ Norse ဒဏ္ဍာရီလာ နဂါးဒီဇိုင်းပုံပါဝင်ပါတယ်။ ပြန်လည်ဆန်းသစ်ထားတဲ့ Titan၊ Raider နဲ့ Vector စီးရီးတွေက အမြင့်ဆုံးစွမ်းဆောင်ရည်ကို လိုချင်သူတွေအတွက် ထိပ်တန်း specification တွေကို ပေးအပ်ထားပါတယ်။ Copilot+ PC တွေဖြစ်တဲ့ Stealth စီးရီးဟာဆိုရင် AMD Ryzen™ AI 300 စီးရီး AI CPU ပါဝင်ပြီး AI အားဖြည့်ထားတဲ့ လက်ပ်တော့တွေကို ရှာဖွေနေတဲ့ သုံးစွဲသူတွေအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် MSI က နောက်ဆုံး NVIDIA GeForce RTX 50 စီးရီး ပါဝင်တဲ့ စွမ်းဆောင်ရည်မြင့် Crosshair နဲ့ Pulse စီးရီးတွေကိုလည်း ကြေညာခဲ့ပြီး သုံးစွဲသူတွေကို သူတို့ရဲ့ မတူညီတဲ့ စွမ်းဆောင်ရည် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရွေးချယ်စရာမျိုးစုံပေးအပ်ထားပါတယ်။ အထူးသီးသန့် AI solution တွေနဲ့ ဆန်းသစ်တဲ့ အအေးပေးဒီဇိုင်းတွေနဲ့အတူ MSI ဟာ ထူးခြားသောစွမ်းဆောင်ရည်နဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ပေါင်းစပ်ပြီး အကောင်းဆုံးအသုံးပြုသူအတွေ့အကြုံကို ဆက်လက်ပေးအပ်နေပါတယ်။
“ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေအတွက် MSI ရဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကွဲပြားခြားနားလှတဲ့ လက်ပ်တော့အသစ်တွေကို ကြေညာရတဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်၊ သူတို့တွေဟာ ထူးခြားတဲ့ စွမ်းဆောင်ရည်ကိုပဲ လိုချင်တာလား၊ ဒါမှမဟုတ် AI ပါတဲ့ လုပ်ဆောင်ချက်တွေကိုပဲ လိုချင်တာလား၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ သေချာပါတယ်” လို့ MSI ရဲ့ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌနဲ့ NB BU ဌာနရဲ့ GM ဖြစ်သူ Eric Kuo က ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ နောက်ဆုံး ထုတ်ကုန်တွေနဲ့ သင့်ရဲ့ ခရီးလမ်းကို အမြဲတမ်း အားဖြည့်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ MSI လက်ပ်တော့တစ်လုံး အမြဲရှိနေစေဖို့အတွက် MSI က တီထွင်ဆန်းသစ်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ဆိုပါတယ်။
NVIDIA GeForce RTX 50 Series ဖြင့် Next-Gen Gaming နှင့် AI စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသခြင်း
NVIDIA Blackwell GeForce RTX™ 50 Series GPU တွေနဲ့ အားဖြည့်ထားခြင်းက ဂိမ်းကစားသူတွေနဲ့ ဖန်တီးသူတွေအတွက် ဂိမ်းလောကကို ပြောင်းလဲစေနိုင်တဲ့ စွမ်းပကားတွေကို ယူဆောင်လာပေးပါတယ်။ RTX™ 50 Series GPU တွေရဲ့ ကြီးမားတဲ့ AI စွမ်းအားက အတွေ့အကြုံအသစ်တွေနဲ့ တိကျလှပတဲ့ရုပ်ထွက်ကို ပြသပေးနိုင်ပါတယ်။ NVIDIA DLSS 4 နဲ့ စွမ်းဆောင်ရည်ကို အဆပေါင်းများစွာ ပွားများစေပြီး ရုပ်ပုံတွေကို မကြုံစဖူး အမြန်နှုန်းနဲ့ ပုံရိပ်တွေကိုဖန်တီးကာ တီထွင်ဖန်တီးနိုင်စွမ်းကို NVIDIA Studio နဲ့ အပြည့်အဝပြသလိုက်ပါ။ ဒါ့အပြင် NVIDIA NIM microservices တွေကို ရယူသုံးစွဲနိုင်ပါသေးတယ်။ ဒီ microservices တွေက ခေတ်အမီဆုံး AI မော်ဒယ်တွေဖြစ်ပြီး ဝါသနာရှင်တွေနဲ့ developer တွေအနေနဲ့ NIM-ready စနစ်တွေမှာ အမြင့်ဆုံး စွမ်းဆောင်ရည်တွေနဲ့ AI လက်ထောက်တွေ၊ agent တွေနဲ့ လုပ်ငန်းစဉ်တွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ထူးခြားကောင်းမွန်သည့် ဂိမ်းကစားခြင်းနှင့် AI စွမ်းဆောင်ရည်အတွက် Intel® Core Ultra Series 2 နဲ့ AMD Ryzen™ AI 300 / Ryzen 9000 Processors တို့ဖြင့် အားဖြည့်ထားသည့် စွမ်းဆောင်ရည်မြင့် MSI လက်ပ်တော့များ
MSI ရဲ့ ဘက်စုံ စွမ်းဆောင်ရည်မြင့် လက်ပ်တော့တွေမှာ Intel® Core Ultra 200HX နဲ့ 200H processors တွေ ပါဝင်ပြီး Core ၂၄ခုအထိပါဝင်သည့်ဒီဇိုင်း၊ integrated NPU AI engine တို့ကြောင့် ယခင်လက်ပ်တော့ထက် စွမ်းဆောင်ရည် ၁၅% ကျော် မြှင့်တင်ပေးနိုင်ပါတယ်။ MSI ဟာ Ryzen™ 9955HX3D အပါအဝင် Ryzen™ 9000 HX Series ပရိုဆက်ဆာတွေ သုံးထားတဲ့ ဘက်စုံသုံး AMD လက်ပ်တော့ အမျိုးမျိုးကိုလည်း တင်ဆက်ပေးထားပြီး ပိုမိုကောင်းမွန်တဲ့ ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် AMD လက်ပ်တော့အသစ်တွေမှာ Ryzen™ AI 300 Series processors တွေ ပါဝင်ကာ အဆင့်မြင့် AI စွမ်းရည် 50 TOPS အထိရနိုင်တဲ့ မျိုးဆက်သစ် NPU ပါဝင်ပါတယ်။ ထိရောက်မှုထိပ်တန်းရှိတဲ့ အဆိုပါ processors တွေဟာ စွမ်းဆောင်ရည်နှင့် တာဝန်ယူမှုအပေါ် အလေးထားသော အသုံးပြုသူများအတွက် အထူးသင့်တော်ပါတယ်။
ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ သုံးစွဲသူ အတွေ့အကြုံအတွက် တီထွင်ဆန်းသစ်မှုများ
MSI က တီထွင်ဆန်းသစ်ပြီး heat pipe တစ်ခုတပ်ဆင်ထားတဲ့ SSD အအေးပေးစနစ် ဒီဇိုင်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ SSD အအေးပေးစနစ်က PCIe Gen 5 SSD တွေရဲ့ အမြင့်ဆုံးအပူချိန်ကို ၁၀ ဒီဂရီ စင်တီဂရိတ်အထိ လျှော့ချပေးပါတယ်။ ဒါကြောင့် အလုပ်ဝန်များနေချိန်မှာတောင် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်၊ မြန်နှုန်းမြင့်မြင့်နဲ့ ဒေတာတွေကို ယုံကြည်စိတ်ချစွာ ကူးပြောင်းနိုင်မှာပါ။ သိုလှောင်မှု စွမ်းဆောင်ရည်ကို ပိုမိုမြင့်တင်ဖို့အတွက် MSI က Gen 5 နဲ့ Gen 4 SSD တွေကို ပေါင်းစပ်ထားတဲ့ Super RAID 5 ကို မိတ်ဆက်လိုက်ပါတယ်။ ဒီနည်းပညာကြောင့် read speed18,000MB/s အထိ ရရှိနိုင်ပြီး လိုအပ်တဲ့ application တွေကိုလည်း ချက်ချင်း ဖွင့်နိုင်မှာပါ။
MSI က သူတို့ရဲ့ နောက်ဆုံး AI နည်းပညာ တီထွင်မှုဖြစ်တဲ့ MSI AI Robot ကိုလည်း ကြေညာခဲ့ပါတယ်။ NVIDIA နဲ့ ပူးပေါင်းပြီး တီထွင်ထားတဲ့ ဒီအဆင့်မြင့် AI လက်ထောက်ဟာ ကွန်ပျူတာထဲမှာပဲ တိုက်ရိုက် အလုပ်လုပ်တဲ့ small language model ကို အသုံးပြုထားပါတယ်။ AI Robot ကြောင့် သုံးစွဲသူတွေဟာ အင်တာနက် မရှိရင်တောင် သဘာဝအတိုင်း စကားပြောပြီး လက်ပ်တော့ကို ထိန်းချုပ်နိုင်တာကြောင့် လက်ပ်တော့မှာ စီမံခန့်ခွဲတာတွေ ပိုပြီး လွယ်ကူလာမှာပါ။ AI Noise Cancellation Pro နဲ့ AI Engine တို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ MSI ရဲ့ ဘက်စုံ AI စနစ်က လက်ပ်တော့ရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်လာစေပြီး ပိုပြီး စမတ်ကျ၊ အသုံးပြုထိန်းချုပ်ရတာ ပိုမိုလွယ်ကူစေကာ သုံးစွဲသူတွေကို အကောင်းဆုံး အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။
နဂါးတစ်ကောင်လိုစိုးမိုးထားတဲ့ Titan 18 HX Dragon Edition Norse Myth
MSI က နောဒစ်ဒဏ္ဍာရီရဲ့ ခံနိုင်ရည် စိတ်ဓာတ်ကို အခြေခံထားပြီး အကန့်အသတ်နဲ့သာထုတ်လုပ်ထားတဲ့ Titan 18 HX Dragon Edition Norse Myth ကို မိတ်ဆက်လိုက်ပါတယ်။ လက်နဲ့ ပုံဖော်ထားတဲ့ နဂါးရုပ်ပုံတွေနဲ့ နောဒစ် ရေးထုံးစာလုံးတွေ ပါဝင်တဲ့ လှပဆန်းသစ်တဲ့ ဒီဇိုင်းပါဝင်ကာ အနုပညာနဲ့ ထိပ်တန်းစွမ်းဆောင်ရည်တွေကို ပေါင်းစပ်ထားပါတယ်။ လက်တင်တဲ့နေရာမှာရှိတဲ့ 3D နဂါးရုပ်ပုံနဲ့ နဂါးလက်စွပ်ကို လက်နဲ့ ဂရုတစိုက်ပုံဖော်ထားပြီး လောကကိုးပါးနဲ့ rune သင်္ကေတတွေလို နောဒစ်ဒဏ္ဍာရီ အစိတ်အပိုင်းတွေကို ပေါင်းစပ်ကာ ခေတ်မီတောက်ပတဲ့သတ္တုရောင်၊ သေသပ်တဲ့ ပုံစံနဲ့ အပြစ်အနာအဆာကင်းတဲ့ ရှေးဟောင်းဟန်ပန်ကို ရရှိအောင် ပြုလုပ်ထားပါတယ်။
စွမ်းအားမြင့် Titan / Raider / Vector/ Stealth Series လက်ပ်တော့အသစ်များ
MSI က Titan, Raider, Vector နဲ့ Stealth စီးရီးတွေအပါဝင် သူတို့ရဲ့ စွမ်းဆောင်ရည်မြင့် လက်ပ်တော့တွေကို အဆင့်မြှင့်တင်လိုက်ပြီး မျက်နှာပြင်အရွယ်အစား ၁၈ လက်မအထိရွေးချယ်စရာတွေ ပါဝင်လာတာကြောင့် စွမ်းဆောင်ရည် ပိုကောင်းလာပြီး သုံးစွဲသူတွေကို ပိုမို နှစ်သက်စေမယ့် အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။ NVIDIA GeForce RTX 5090 Laptop GPU တွေအထိ ထည့်သွင်းထားတဲ့ ဒီလက်ပ်တော့တွေက အဆင့်မြင့် AI စွမ်းရည်တွေနဲ့အတူ Desktop ကွန်ပျူတာတစ်ခုလို စွမ်းဆောင်ရည်ပေးစွမ်းနိုင်ပါတယ်။ MSI ရဲ့ OverBoost Ultra နည်းပညာကြောင့် Titan စီးရီးဟာ total system power 270W အထိ ပေးနိုင်ပြီး Raider နဲ့ Vector စီးရီးတွေကတော့ 260W ပေးနိုင်ပါတယ်။ Thunderbolt 5 နဲ့ DDR5-6400 memory တွေကို အထောက်အပံ့ပေးတာကြောင့် ဒီလက်ပ်တော့တွေဟာ ထိပ်တန်း စွမ်းဆောင်ရည်၊ အလွန်မြန်ဆန်တဲ့ ချိတ်ဆက်မှုနဲ့ ပါဝါကို အပြည့်အဝ သုံးချင်သူတွေအတွက် ချောမွေ့တဲ့ multitasking စွမ်းရည်ကို အာမခံပေးပါတယ်။
Stealth စီးရီးမှာ AI လုပ်ငန်းတွေအတွက် အထူးကောင်းမွန်အောင် ပြုလုပ်ထားတဲ့ နောက်ဆုံးပေါ် AMD Ryzen™ AI 300 စီးရီးနဲ့ Copilot+ PC အသိအမှတ်ပြုလက်မှတ် ပါဝင်ပါတယ်။ သပ်ရပ်လှပတဲ့ Mg-Al alloy ကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့ Stealth စီးရီးဟာ စတိုင်ကျမှုနဲ့ တာရှည်ခံမှုကို ပေါင်းစပ်ပေးထားပြီး Stealth 18 မော်ဒယ်ကတော့ စျေးကွက်ထဲမှာ အပေါ့ပါးဆုံး ၁၈ လက်မ လက်ပ်တော့ ဖြစ်ပါတယ်။ MSI က မတူညီတဲ့ လိုအပ်ချက်တွေရှိတဲ့ သုံးစွဲသူတွေအတွက် စွမ်းဆောင်ရည်မြင့် ရွေးချယ်စရာတွေ ပိုမိုများပြားလာစေဖို့ နောက်ဆုံးပေါ် NVIDIA GeForce RTX 5070 Laptop GPU တွေအထိ တပ်ဆင်ထားတဲ့ Crosshair နဲ့ Pulse စီးရီးတွေကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။
Business နှင့် Productivity အတွက် အကြမ်းခံပြီး စွမ်းအားကောင်းသည့် Venture/ VenturePro လက်ပ်တော့များ
MSI က productivity ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်လာစေဖို့ Venture/VenturePro စီးရီးလို့ခေါ်တဲ့ business နဲ့ productivity အတွက် လက်ပ်တော့အသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ ၁၄ လက်မကနေ ၁၇ လက်မအထိ အရွယ်အစားစုံ ရရှိနိုင်တဲ့ ဒီစီးရီးဟာ အကြမ်းခံပြီး ဘက်စုံသုံးနိုင်အောင် တည်ဆောက်ထားပါတယ်။ ပရော်ဖက်ရှင်နယ်တွေနဲ့ content ဖန်တီးသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ VenturePro စီးရီးမှာ စွမ်းအားမြင့် CPU တွေနဲ့ နောက်ဆုံးပေါ် NVIDIA GPU တွေကို တပ်ဆင်ပေးထားပါတယ်။ အဆင့်မြင့် အအေးပေးစနစ်ကြောင့် ဒီလက်ပ်တော့တွေဟာ အပူချိန်နဲ့ အသံဆူညံမှုကို ထိန်းချုပ်ထားနိုင်တဲ့အပြင် ပိုမိုမြင့်မားပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတာကြောင့် ပရော်ဖက်ရှင်နယ်တွေဟာ ပေါ့ပါးတဲ့ ဖန်တီးမှုအလုပ်တွေနဲ့ တခြားအလုပ်ပရောဂျက်တွေကို လွယ်လွယ်ကူကူ စီမံခန့်ခွဲနိုင်ပြီး လုပ်ငန်းပြီးမြောက်မှုကို အထောက်အကူပြုတဲ့ ယုံကြည်စိတ်ချရတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ VenturePro စီးရီးမှာ ၄-၅ နာရီအထိ ပိုမိုကြာရှည်ခံတဲ့ သီးသန့် ဘက်ထရီစနစ်လည်း ပါဝင်တာကြောင့် ဘယ်နေရာရောက်ရောက် အလုပ်လုပ်နိုင်မှာပါ။
Source: MSI