ylliX - Online Advertising Network

ပြဿနာနည်းချင်ရင် စကားပြောဆင်ခြင်ပါ.


စကားပြောတဲ့အခါမှာ –
(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။ မပြောသင့်တဲ့အချိန်မှာ မပြောဘူး။
(၂) မှန်တာကိုပဲ ပြောမယ်။ မမှန်တာကိုမပြောဘူး။
(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ပြောမယ်။
(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့စကားကိုသာပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။
(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။ ဒေါသနဲ့မပြောဘူး။

မြတ်စွာဘုရားရဲ့ အဆုံးအမကို ကြည့်ပြီး ရှေးလူကြီးတွေက ပြောတယ် “ စိတ်ဆိုးရင် စကားမပြောနဲ့တဲ့။ ဘာဖြစ်လို့လဲဆိုတော့ စကားကောင်းမထွက်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့ စည်းကမ်းလေးတွေ ချမှတ်ထားပြီးတော့ ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြဿနာ တက်စရာအကြောင်း မရှိတော့ဘူး။

မေတ္တာနှလုံးပျက်သွားတာ ကိုယ့်ရဲ့အပြောကြောင့်ပဲ။ မပြောသင့်တာကို ပြောမိလို့၊ ကြမ်းကြမ်းတမ်းတမ်းပြောမိလို့၊ မဟုတ်တာသွားပြောမိရင်လည်း ပြဿနာတတ်တတ်တယ်။ ဒါကြောင့် အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ ကိုယ်ကိုယ်တိုင်က စည်း ကမ်းရှိဖို့ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားပေးထားတယ်။ ” 🙏🙏🙏

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ



Source link

Leave a Reply

Your email address will not be published. Required fields are marked *