ylliX - Online Advertising Network

မြန်မာရေတပ်အတွက် လက်နက် မရောင်းချခဲ့ကြောင်း Leonardo ကုမ္ပဏီ ငြင်းဆို



အီတလီနိုင်ငံ အခြေစိုက် နည်းပညာနဲ့ ကာကွယ်ရေး ခေတ်မှီထုတ်ကုန် ရောင်းချတဲ့ Leonardo ကုမ္ပဏီက မြန်မာရေတပ်အတွက် လက်နက်တွေ ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။
သတင်းမီဒီယာတချို့နဲ့ ကာကွယ်ရေးဆိုင်ရာ ဂျာနယ်တွေဖြစ်တဲ့ Il Manifesto၊ Asian Defence Journal နဲ့ James စာစောင်တွေမှာ ရေးသားနေတဲ့ မြန်မာရေတပ်အတွက် OTO Melara 76/62 အမြောက်တွေ ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းကို Leonardo ကုမ္ပဏီက ငြင်းဆိုလိုက်တာပါ။
စစ်ကောင်စီအတွက် ခေတ်မှီရေယာဉ်သုံး အော်တိုအမြောက်၊ ဒါမှမဟုတ် လေကြောင်းရန်ကာကွယ်ရေး အမြောက်ခေါ် Melara 76/62 အမြောက်တွေ ရောင်းချခဲ့တယ်ဆိုပြီး စာစောင်တွေနဲ့ သတင်းတွေမှာ စွပ်စွဲ ရေးသားခဲ့တာပါ။
Leonardo ကုမ္ပဏီ သဘောတူညီထားတဲ့ လက်နက်ရောင်းချခွင့် လိုင်စင် သဘောတူညီချက်မှာ ကုမ္ပဏီနဲ့ သက်ဆိုင်ရာ အီတလီနိုင်ငံ အာဏာပိုင်တွေရဲ့ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဒီလို လက်နက်တွေ ရောင်းချခွင့် မရှိတဲ့အကြောင်း ကုမ္ပဏီရဲ့ ဖြေရှင်းစာမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံကို ဘယ်တုန်းကမှ အလားတူ လက်နက်တွေ မပို့ခဲ့တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံဟာ ကုမ္ပဏီရဲ့ အထူး သတိထားရမယ့် နိုင်ငံစာရင်းမှာ ရှိပြီးသားဖြစ်တဲ့အတွက် သေချာမစိစစ်ဘဲ ရောင်းချမှာ မဟုတ်တဲ့အကြောင်း Leonardo ကုမ္ပဏီက ပြန်လည်ဖြေရှင်းထားပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *