ylliX - Online Advertising Network

ချင်းပြည်နယ်ဝန်ကြီးချုပ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်


ဟားခါး ဇန်နဝါရီ ၁၅
   နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားကျောင်းများ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ခြင်း အခမ်းအနား ကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ရုံးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းများမှ ဆရာတော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
   ဦးစွာ သိက္ခာတော်ရဆရာတော်၏ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ပြီးနောက် ချင်းပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့် နယ်စပ်ဒေသများကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားသည်။
   ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်တို့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်နေသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများအတွက် ဘဏ္ဍာရန်ပုံငွေများပေးအပ်ရာ သက်ဆိုင်ရာ ဆရာတော် များနှင့် တာဝန်ရှိသူများက လက်ခံရယူကြကာ အခမ်းအနားတက်ရောက်လာကြသည့် အသင်းတော် များကိုယ်စား ဆရာတော်တစ်ပါးက ကျေးဇူးတင်စကား ပြောကြားပြီး ဆရာတော်များနှင့် အသင်းတော်တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီး များက ဆွေးနွေးတင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ သိက္ခာတော်ရ ဆရာတော်၏ ဆုတောင်းခြင်းဖြင့် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
 



Source link

Leave a Reply

Your email address will not be published. Required fields are marked *