အစ္စရေးနဲ့ ဟားမက်စ်အကြား အဆင့် ၃ ဆင့်ပါဝင်တဲ့ အပစ်ရပ်ရေးသဘောတူညီချက်ရသွားပြီး စစ်သွေးကြွအဖွဲ့က တနှစ်ကျော်ကြာ ဖမ်းဆီးထားတဲ့ ဓားစာခံတချို့ကို ပြန်လွှတ်ပေးမှာပါ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီသဘောတူညီချက်ကို ချီးကျူးလိုက်ပြီး သူ့နေရာကိုဆက်ခံမယ့် ဒေါ်နယ်ထရမ့်ကိုလည်း အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အိမ်ဖြူတော် သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။