Image via TechSpot |
HWBot ရဲ့ CPU Frequency chart အရ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ကမ္ဘာ့ Clock Speed အမြင့်ဆုံးစံချိန်ကို ပိုင်ဆိုင်ထားပြီး 9 GHz အထက်ကို ရောက်အောင် စွမ်းဆောင်နိုင်သူ တစ်ဦးတည်းကတော့ ElmorLabs က Jon “Elmor” Sandström ဆိုသူဖြစ်ပါတယ်။
Image via TechSpot |
ဒါပေမဲ့ Elmor ရဲ့ အရင်စံချိန်ဖြစ်တဲ့ Intel Core i9-14900KS နဲ့ တင်ထားတဲ့ 9,117.8 MHz ကို တရုတ်အသုံးပြုသူ wytiwx က ကျော်ဖြတ်သွားခဲ့ပြီဖြစ်ပါတယ်။ Intel Core i9-14900KF နဲ့ wytiwx ကတင်ထားတဲ့ ကမ္ဘာ့စံချိန်သစ်ကတော့ 9,121.6 MHz ဖြစ်ပါတယ်။
Image via TechSpot |
စံချိန်မှတ်တမ်းအရ wytiwx ဟာ သူ့ရဲ့စံချိန်အတွက် 16GB DDR5 RAM ပါတဲ့ Asus ROG Maximus Z790 Apex Motherboard ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
Integrated graphics မပါဝင်တဲ့ i9-14900KF မှာ E-core ၁၆ ခုလုံးကို ပိတ်ထားပြီး Hyperthreading ကိုလည်း ပိတ်ထားခဲ့တာကြောင့် P-core ၈ ခုနဲ့ Elmor ရဲ့စံချိန်ကို 4 MHz အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။ အပူချိန် အလွန်နိမ့်တဲ့ ဟီလီယံအရည်(Liquid Helium) ကို အသုံးပြုကာ Overclock လုပ်ခဲ့တာဖြစ်ပြီး Core Voltage ကို 1.387V သတ်မှတ်ခဲ့ပါတယ်။
နောက်ထပ် ထူးခြားတဲ့အချက်တစ်ခုက wytiwx ဟာ သူ့ရဲ့စံချိန်အတွက် Windows 7 (6.1) Operating System ကို အသုံးပြုခဲ့တာပါ။
Image via TechSpot |
Core i9-14900KF ဟာ Intel ရဲ့ ယခင် Raptor Lake-S Refresh အနွယ်ဝင်ဖြစ်ပြီး 13th-gen Raptor Lake Processor တွေလို Intel 7 Process (10nm-class node) နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။
Intel ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Arrow Lake Desktop Processor တွေကတော့ efficiency ကို အသားပေးဖန်တီးထားတာမို့ ဒီ Processor တွေထဲမှာ Clock Speed အမြင့်ဆုံးစံချိန်တစ်ခုက Elmor တင်ထားတဲ့ Intel Core Ultra 9 285K မှာ Liquid Helium ကို အသုံးပြုကာ Overclock လုပ်ထားတဲ့ 7,488.8 MHz ဖြစ်ပါတယ်။ Chip တွေရဲ့ Tile-အခြေခံ architecture က Extreme Overclocking ပိုင်းကို ပိုမိုရှုပ်ထွေးစေနိုင်တာကြောင့်ဖြစ်ပါတယ်။
Intel က ဒီနေ့မှာ ဒီနယ်ပယ်ကို လွှမ်းမိုးထားပေမဲ့ AMD က AMD FX-8350 နဲ့ ဆယ်စုနှစ်တစ်ခုကျော် ကမ္ဘာ့အမြင့်ဆုံးစံချိန်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ Elmor ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ဒေါ်လာ ၁၉၉ နဲ့ စတင်ရောင်းချခဲ့တဲ့ Bulldozer Chip ကို အဲဒီအချိန်က စံချိန်ဖြစ်တဲ့ 8,793.33 MHz အထိ ရောက်အောင် Overclock လုပ်နိုင်ခဲ့ပြီး အဲဒီစံချိန်ဟာ Elmor က ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ i9-13900K နဲ့ 8,812.85 MHz ကို ရောက်တဲ့အထိ တည်ရှိနေခဲ့ပါတယ်။ သူဟာ ဒီဇင်ဘာလမှာ အဆိုပါ Processor နဲ့ပဲ 9 GHz စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
Source: TechSpot