ylliX - Online Advertising Network

ထိုင်းမြန်မာနယ်စပ် မဲဆောက်တလျှောက် ထိုင်းလုံခြုံရေးတင်းကြပ်



ထိုင်းမြန်မာနယ်စပ်မြ၀တီခရိုင်ထဲက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဆီကို လိမ်လည်ဖျားယောင်းပြီးရောင်းစားခံရတဲ့ တရုတ်သရုပ်ဆောင်ဝမ်ရှင်း ရဲ့ဖြစ်ရပ်ကြောင့် ထိုင်းမြန်မာနယ်စပ် မဲဆောက်၊ မယ်လမ၊ အုန်းဖန်၊ ထာ့ဆောင်ရမ်း၊ ဖွတ်ဖရ စတဲ့မြို့နယ် ၅နေရာက နယ်စပ် ခိုးဝင်တဲ့လမ်းတွေ သဘာ၀တောလမ်းတွေနေရာကို ထိုင်း စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားပြီးတချို့နေရာတွေကို သံဆူးကြိုးတွေကာရံချထားပါတယ်။ နယ်စပ်လုံခြုံရေးကိုလည်း ပိုမိုတင်းကြပ်လိုက်သလို သတိပေးကြော်ငြာ ဆိုင်းဘုတ်တွေလည်း ချိတ်ဆွဲထားပါတယ် ။ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မြ၀တီခရိုင်ထဲက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဆီကို လိမ်လည်ဖျားယောင်းပြီးရောင်းစားခံရတဲ့ တရုတ်သရုပ်ဆောင်ဝမ်ရှင်း ရဲ့ဖြစ်ရပ်ကြောင့် ထိုင်းမြန်မာနယ်စပ် မဲဆောက်၊ မယ်လမ၊ အုန်းဖန်၊ ထာ့ဆောင်ရမ်း၊ ဖွတ်ဖရ စတဲ့မြို့နယ် ၅နေရာက နယ်စပ်လမ်းတွေမှာလုံခြုံရေးတွေတိုးချထားသလိုတချို့နေရာတွေကိုလည်းသွားလာလို့မရအောင်ပိတ်ထားလိုက်တယ် လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေကိုကူညီနေသူတဦးက VOAကိုပြောပါတယ်။

“အဓိကကတော့ကျနော်သိတာက ကျောက်ခက်နေရာတွေဘက်ကပိတ်ထားလိုက်ပြီ။ သွားလို့မရတော့ဘူး။အရင်က တော့သွားလို့ရတယ်။ ကျနော်တို့သွားတဲ့မယ်ကိုကင်းဘက်ကတော့ အဲဒီနေရာတွေဘက်လည်းပိတ်ထားလိုက်ပြီ ။ သွပ်ဆူးကြိုးနဲ့ခတ်လိုက်ပြီ အဓိကကတော့ လူကုန်ကူး မူးယစ်ဆေးဝါး တရုတ်ကျားဖြန့်ပြဿနာတွေကြောင့်တရုတ်တွေခြေရှုတ်လို့ မိလို့ အဲဒီဘက်တွေကိုကော ပိတ်လိုက်ပြီ။ ဒီဘက်တွေ ဖွတ်ဖရဘက်မှာလည်းလုံခြုံရေးကတင်းကြပ်လာတယ်။ အဓိက မူးယစ်ဆေးဝါးတွေမိတာရယ် ကျားဖြန့်ဟာရယ်ကြောင့်ပါ”

အခုနယ်စပ်လမ်းတွေမှာ ထိုင်းစစ်တပ်က ကင်းလှည့်နေတာ သံဆူးကြိုးတွေကာရံထားတာ လုံခြုံရေးတွေတင်းကြပ်ပြီး စီစီတီဗွီကင်မရာတွေတပ်ဆင်တာတွေလည်း လုပ်နေသလို အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရှိတဲ့ မြန်မာဘက်ခြမ်း KK park ကို သွားနိုင်တဲ့ ထိုင်းဘက်က နေရာတွေမှာ စစ်ဆေးမှုတွေလုပ်လာပါတယ် ။ ဒီရက်အတွင်း ထိုင်းအမျိုးသမီးတယောက် ပျောက်ဆုံးသွားတာရှိတဲ့အတွက် လိုက်လံရှာဖွေနေတယ်လို့လည်းဆိုပါတယ်။

“အင်ကြင်းမြိုင် ဒီဘက်ကမ်းမယ်ကုဘက်မှာ ထိုင်းမလေးတယောက်ကို ဟိုဖက်ကမ်းကိုဖျားယောင်းသွားတယ်ဆိုပြီး ရဲတွေကအဲဒီမှာရှုတ်နေတယ် အင်ကြင်းမြိုင်ဆိုတာ မြန်မာဘက်ခြမ်း အင်ကြင်းမြိုင်နဲ့မယ်ထော်သလေးကြားမှာ KK Park ရှိတယ် အင်ကြင်းမြိုင်ဆိုတာ မြန်မာဘက်ခြမ်း ထိုင်းဘက်ကိုတော့ မယ်ကုလွမ်ခေါ်တယ် အဲဒီမှာ ၂ရက်ရှိပြီ ထိုင်းမလေးတယောက်ကို ခေါ်သွားတယ် ပွဲစားတွေခေါ်သွားပုံရတယ် ဟိုဘက်ကိုရောက်သွားတယ် ဒါကြောင့်ထိုင်းရဲတွေခြေရှုတ်နေတယ် ၁၇နှစ်တဲ့ အဲဒါရဲတွေလိုက်ရှာတယ်အခုတော့မတွေ့တော့ဘူး၊ နယ်စပ်တလျောက်မှာစစ်သားတွေများတယ် အရင်ကထက်ပိုပြီးစီစစ်လာတယ် ကင်းစောင့်တယ် လှည့်ကင်းတွေပိုလုပ်လာတာတွေ့ရတယ်”

နယ်စပ်ကျေးရွာတွေက အာဏာပိုင်တွေကိုလည်း လူကုန်ကူးသူတွေနဲ့ ပါဝင်ပါတ်သက်မှု ရှိမရှိကို စစ်ဆေးနေတယ်လို့လည်းဆိုပါတယ်။

အခုလို လုံခြုံရေးတိုးမြင့် လိုက်ရတာကတော့ လူမှောင်ခိုဂိုဏ်းတွေ နဲ့ ကျားဖြန့်အွန်လိုင်း ငွေလိမ်မှုတွေ ကို နှိမ်နင်းပေးဖို့ နိုင်ငံတကာ အစိုးရတွေကနေ ထိုင်းကိုဖိအားပေးတောင်းဆိုမှုတွေကြောင့် အခုလို ထိုင်းဘက်က လုံခြုံရေး အဆင့်မြှင့် ထားရတာလို့လည်း ထိုင်းသတင်းတွေမှာ ဖေါ်ပြကြပါတယ်။

ဒီကနေ့မနက်ပိုင်းမှာပဲ ထိုင်းမြန်မာနယ်စပ်မဲဆောက်ဘက်ကို တောလမ်းကဝင်လာတဲ့ မြန်မာ ၁၄ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်ရှင်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *