ylliX - Online Advertising Network

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး


တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။

အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး ဇန်နဝါရီ (၁၅)ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြိုနယ်၊ ထနီးကျေးရွာ အောင်ကျိုက္ခမီ ဘုန်းကြီးကျောင်းရှိ ဓမ္မရတနာဗိမာန်တွင် အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ (၄၅၅) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ (၁၄၅) ဦး၊ ခွဲစိတ်ရောဂါ (၁၆) ဦး၊ သားဖွား/မီးယပ်ရောဂါ (၂၁) ဦး၊ ကလေ-းရောဂါ (၂၂) ဦး၊ အရိုးရောဂါ (၇၀) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ (၄၂) ဦး၊ မျက်စိရောဂါ (၈၈) ဦး၊ သွားရောဂါ (၅၁) ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အထွေထွေခွဲစိတ်လူနာ (၄) ဦးကို ခွဲစိတ်ကုသပေးခဲ့ပြီး ဓာတ်မှန်ရိုက်လူနာ (၁၁) ဦး၊ တယ်လီဗေးရှင်း ဓါတ်မှန်ရိုက်လူနာ (၃၁) ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ (၂၈) ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ (၅၇) ဦးတိုကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) တို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် ရန်ကုန်မြို့မှ ဇန်နဝါရီ (၁၄)ရက်က ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *