ylliX - Online Advertising Network

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြော


ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြောကြားသည်။

“အများကြီး မျှော်မှန်းထားတယ်။ ဒီပွဲအောင်မှလည်း ကျွန်တော်တို့ အဆင်ပြေမှာပေါ့နော်။ အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်။ နောက်ပွဲတွေကို အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီလို (ဗီယက်နမ်ပွဲစဉ်)ဖြစ်သွားတဲ့အတွက်လည်း အားနာပါတယ်။ နောက်ပွဲတွေဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် “ဟု မြန်မာအမျိုးသမီးဖူဆယ်အသင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင်က ပြောသည်။

မြန်မာလက်ရွှေးစင် အမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် ဇန်နဝါရီ (၁၅)ရက်က ဗီယက်နမ်အသင်းဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားကြရာ၌ (၅)ဂိုး(၁)ဂိုး ရလဒ်ဖြင့်ဆုံးနိမ့်ထားသည်။

ယနေ့ တွင် AFC Women’s Futsal Asian Cup 2025 (Qua lifiers) ခြေစစ်ပွဲစဉ်(၂)ပွဲရှိသည့်အနက် မြန်မာနှင့် တရုတ် (တိုင်ပေ)၊ ဗီယက်နမ်နှင့် မကာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရမည့် ပွဲနေ့လည်း ဖြစ်သည်။

“သူတို့ကတော့ကောင်းပါတယ်။ သူတို့ (၅)ဂိုး(၁)ဂိုးဖြစ်သွားတဲ့ အနေအထားမှာ ကျွန်တော်တို့ဘက်က အဆုံးသတ်မသေချာလို့ဖြစ်သွားတာပါ။ ကျွန်တော်တို့ဘက်က အရင်အခွင့်အရေးရတာကို အဆုံးမသတ်နိုင်လို့ ဒီလိုမျိုးဖြစ်သွားတာပေါ့နော်။ တစ်လုံးပြီးတစ်လုံးနဲ့များသွားတာပေါ့။ ကျွန်တော်တို့ရဲ့ အဆုံးသတ်ပွဲစဉ်တွေ သေချာသွားအောင် လုပ်သွားပါမယ်”ဟု ဗီယက်နမ်ပွဲစဉ်အတွင်း ကြုံတွေ့ခဲ့ပုံများကို ဝန်ခံ စကားပြောကြားခဲ့သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *