ylliX - Online Advertising Network

Trump နဲ့ Xi တို့ ဆက်သွယ်စကားပြော



အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ၂ နိုင်ငံလုံးအတွက် အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတတာဝန်လွှဲယူဖို့ ရက်ပိုင်းအလို သောကြာနေ့က ဆက်သွယ်စကားပြောစဉ် သမ္မတအဖြစ် Trump ထပ်အနိုင်ရခဲ့တဲ့အပေါ် သမ္မတ Xi က ဂုဏ်ပြုစကားပြောခဲ့သလို သမ္မတ Trump လက်ထက်မှာ ၂ နိုင်ငံကြား ကောင်းမွန်တိုးတက်တဲ့ အပြုသဘော ဆက်ဆံရေးသစ်နဲ့ စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာန CCTV ကသတင်းထုတ်ပြန်ပါတယ်။ ၂ နိုင်ငံ အပြန်အလှန်ဆက်ဆံရေးဟာ အင်မတန်အရေးကြီးတဲ့အတွက် မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားဖို့ ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြတယ်လို့လည်း တရုတ်ဘက်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲ၊ အစ္စရေးနဲ့ Hamas အဖွဲ့စစ်ပွဲအပေါ် ၂ ဘက်အမြင်တွေ ဖလှယ်ခဲ့ကြတဲ့အပြင် ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်ကြား ထိပ်တိုက် ပဋိပက္ခတွေ မဖြစ်အောင် ဆင်ဆင်ခြင်ခြင်လုပ်ဖို့ တရုတ်သမ္မတ Xi က အမေရိကန်ရွေးကောက်ခံသမ္မတကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်သမ္မတနဲ့ မျှတတဲ့ ကုန်သွယ်ရေးကိစ္စ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုနေတဲ့ Fentanyl ဆေးဝါးတွေ အမေရိကန်ထဲ လှိမ့်ဝင်နေတဲ့ကိစ္စတွေနဲ့ အမေရိကန်မှာ TikTok လူမှုကွန်ရက်ကို တားမြစ်တဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ရွေးကောက်ခံသမ္မတ Trump ကလည်း သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ကမ္ဘာကြီး ပိုမိုငြိမ်းချမ်း လုံခြုံဖို့ သူနဲ့ သမ္မတ Xi တို့ ၂ ယောက်လုံးက အတတ်နိုင်ဆုံး ကြိုးစားသွားကြမယ်လို့လည်း ပြောပါတယ်။

သူသမ္မတသက်တမ်း တာဝန်စထမ်းတာနဲ့ တရုတ်က တင်ပို့တဲ့ကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမယ်လို့ Donald Trump က ပြောကြားထားချိန်မှာ ခေါင်းဆောင် ၂ ယောက် ဆက်သွယ်စကားပြောကြတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဆက်သွယ်စကားပြောမှုလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ကျမ်းကျိန်ပွဲကို နိုင်ငံခြားခေါင်းဆောင်တွေ တက်ရောက်ခဲ့ဖူးတာ မရှိပေမဲ့၊ တနင်္လာနေ့မှာ ကျင်းပမယ့် သမ္မတကျမ်းကျိန်ပွဲတက်ဖို့ တရုတ်သမ္မတ Xi ကို Trump က ဒီဇင်ဘာလက ဖိတ်ကြားခဲ့ပါတယ်။ သမ္မတ Xi ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဒုသမ္မတ Han Zheng တက်ရောက်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *