ylliX - Online Advertising Network
ကလေးမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ဒေသခံသုံးဦး သေဆုံး

ကလေးမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ဒေသခံသုံးဦး သေဆုံး





စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသုံးဦးသေဆုံးခဲ့ရတယ်လို့ အဲဒီဒေသခံတစ်ဦးက ပြောပါတယ်။

 

အဲဒီကျေးရွာဟာ ကလေးမြို့နယ်မြောက်ပိုင်းနဲ့ ခမ်းပါတ်မြို့တောင်ဘက်မှာတည်ရှိပြီး စစ်ကောင်စီကတိုက်ပွဲမဖြစ်ဘဲ ဒီကနေ့ မနက် ၇ နာရီခန့်မှာ လေကြောင်းကနေ ဗုံးလာကြဲချသွားတာဖြစ်တယ်လို့ သူက ပြောပါတယ်။

 

ဒါကြောင့် ဒေသခံ သုံးဦးသေဆုံးတဲ့အပြင် ၁ဝ ဦးကျော်ဒဏ်ရာရရှိ​သွားတယ်လို့ အသက် ၃၀ အရွယ်ရှိ ကလေးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ CJ Platform က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့နဲ့ ကလေးမြို့နယ်၊ စော်ဘွားရေရှင်ရွာဟာ ကျေးရွာသာခြားပြီးတည်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ ခမ်းပါတ်မြို့ကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင် အရပ်သားငါးဦးသေဆုံးခဲ့ပါတယ်။

 

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း အသက် ၁၈ နှစ်အောက်ကလေးငယ် သေဆုံးမှု အရေအတွက် ၇၀၀ ဦးနီးပါးရှိပြီး သေဆုံးသူတွေထဲက ၂၀၀ ကျော်ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 



Source link

Leave a Reply

Your email address will not be published. Required fields are marked *