ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
မကြာမီ ရောက်ရှိလာတော့မည့် တရုတ်နှစ်သစ်ကူးပွဲတော် (နွေဦးပွဲတော်) အထိမ်းအမှတ် ပွဲဈေးကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်တန်းတွင် ၇ ရက်ကြာ ကျင်းပသွားမည်ဟု ဈေးပွဲတော် ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၈ ရက်၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။“တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ဆင်နွှဲတဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ရည်ရွယ်ပြီး ပွဲဈေး ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။
မြန်မာနိုင်ငံအစိုးရက တရုတ်နှစ်သစ်ကူးနေ့အား ၂၀၂၅ ခုနှစ်မှစ၍ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် တရားဝင်ကြေညာခဲ့သည်။
အဆိုပါပွဲဈေး၌ ခြင်္သေ့အကနှင့် နဂါးအကများ၊ ဖျော်ဖြေရေးအစီအစဉ်အမျိုးမျိုး၊ ကလေးကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ကူးနိုင်သည့် နေရာများနှင့် ဈေးဆိုင်ခန်း အများအပြား ပါဝင်မည်ဖြစ်ကြောင်းလည်း ၎င်းတာဝန်ရှိသူက ပြောကြားခဲ့သည်။
အဆိုပါ ပွဲဈေးကို ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်ကျင်းပသွားမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးနေ့မှာ ဇန်နဝါရီ ၂၉ ရက်၌ ကျရောက်မည်ဖြစ်ကာ လာမည့်နှစ်သစ်မှာ မြွေနှစ်ဖြစ်ကြောင်း သိရသည်။ (Xinhua)