ylliX - Online Advertising Network

ကျိုလတ်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)


ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်​ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့သည် ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာ၊ ညောင်ချောင်းဘုန်းကြီးကျောင်းရှိ ရတနာသုခဓမ္မဗိမာန်တော်တွင်   အခြေပြု၍ အဆိုပါ မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၁၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၁၁ ဦး၊ ခွဲစိတ်ရောဂါ ၁၅ ဦး၊ သားဖွား/မီးယပ်ရောဂါ  ၁၉ ဦး၊ ကလေးရောဂါ ၃၁ ဦး၊ အရိုးရောဂါ ၈၆ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ ၃၈   ဦး၊ မျက်စိရောဂါ ၇၇ ဦး၊ သွားရောဂါ ၄၀  ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၆ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့်စမ်းသပ်စစ်ဆေးလူနာ ၃၁ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ  ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၄ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ ဇန်နဝါရီလ ၁၈ ရက်၊ ည ၈ နာရီ ၆ မိနစ်ခန့်တွင် မအူပင်မြိ​နယ်၊ အလန်းကြီးကျေးရွာ​နေ ဦးဝင်းထွန်းနိုင်     ၏ ဇနီးဖြစ်သူ ဒေါ် မြတ်သူအောင်ကို ၇ ပေါင်  ၇  အောင်စရှိ မိန်းကလေးတစ်ဦးအား အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ယခုခရီးစဉ်အတွင်း ဒုတိယအကြိမ်မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၏ သမိုင်းမှတ်တမ်း တွင် ၃၀ ဦးမြောက်အဖြစ် အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆေးကုသရန်ခက်ခဲတဲ့ နေရာတွေမှာ ဒီလိုစီစဉ်ဆောင်ရွက်ပေးတဲ့ လူကြီးမင်းများကိုလည်း အထူးပဲကျေးဇူးတင်ရှိကြောင်းနှင့် နောက်အခါတွေမှာလည်း ယခုကဲသို့ လာရောက်ကုသပေးဖို့ ဒေသခံပြည်သူတွေ မျှော်လင့်နေကြောင်း သိရှိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *