ylliX - Online Advertising Network
တရုတ်အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင် ခွင့်ပြု - Khit Thit Media

တရုတ်အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင် ခွင့်ပြု – Khit Thit Media


တရုတ်အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင် ခွင့်ပြု

ရန်ကုန်၊ ဇန်နဝါရီ ၂၀

တရုတ်နိုင်ငံ အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံး က ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ကိုးကန့်ဒေသနှင့် ဝ ပြည်နယ် ဟိုပန်ကို ဆက်သွယ်ထားသော ဖောင်ဆိပ် တံတားပေါ်ရှိ မော်တော်ယာဉ်၊ လူနှင့် ကုန်စည်များကို ထိန်းချုပ်တာ အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ရန် ခွင့်ပြုလိုက်ပြီး တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာရုံးမှ အကြောင်းကြားစာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကုန်စည်ဖြတ်သန်းခွင့်ကို ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်ပြီး ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှ လွဲ၍ ပြည်သူများ၏ ထွက်ကုန်များ၊ ထောက်ပံ့ရေး ပစ္စည်းများ အားလုံးကို ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားနိုင်ကြောင်း သိရသည်။

ကိုးကန့် – တရုတ် နယ်စပ်ဂိတ်ဖြစ်သော ချင်းရွှေဟော်၊ လောက်ကိုင်အပြင် ဝ ပြည်နယ် – တရုတ်နယ်စပ်ရှိ နမ့်တစ် (မန်ခါး)ဂိတ်များကို ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင် ဖွင့်ပေးထားကာ ဓာတ်ဆီများလည်း ပြန်လည်ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ အစိုးရက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ချိန်၌ ရှမ်းမြောက်တွင် ရှိသော တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တရုတ် – မြန်မာ နယ်စပ်ဂိတ်များကို ကုန်စည်တင်သွင်းခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီက ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနှင့် နမ့်ခမ်း ဂိတ်များကို လက်လွှတ်ဆုံးရှုံးထားရကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *