၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်ရတဲ့ မြေပြင်ဖြစ်စဉ်မရှိဘဲ လုပ်ကြံဖန်တီးရေးထားတဲ့ သတင်းအတုများပဲ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က ကပစ (၂၁) ကို ရှော့တိုက်ဒုံးနဲ့ ပစ်လို့ တပ်မတော်အရာရှိအပါအဝင် ၉ ဦးသေဆုံး (မြေပြင်တွင် ဘာရှော့တိုက်ဒုံးမှ ကျရောက်ပေါက်ကွဲခဲ့ခြင်းမရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်သေဆုံးခဲ့ခြင်းလည်းမရှိ) ဇန်နဝါရီလ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့တွင် ကင်းစောင့်ထွက်လာတဲ့ တက်စစ်ေကြာင်းကို တိုက်ခိုက်ရာ ၄ ဦးသေဆုံး (မြေပြင်တွင် ဖြစ်စဉ်မရှိပါ) ဇန်နဝါရီလ ၁၆ ရက်နေ့ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကံကျင်းရစခန်းတွင် စစ်သည်အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေဆုံး (မြေပြင်တွင် ဖြစ်စဉ်မရှိပါ) ဇန်နဝါရီလ ၁၆ ရက်နေ့ အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်း စစ်ကြောင်းထိုးလာတဲ့ တပ်ယာဉ်တန်းကို ဒရုန်းဖြင့်တိုက်ခိုက် (မြေပြင်တွင် ဖြစ်စဉ်မရှိပါ) ဇန်နဝါရီလ ၁၉ ရက်နေ့ ချောင်းဦးမြို့နယ်၊ မုံရွာ- မန္တလေးလမ်းပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ (မြေပြင်တွင် ဖြစ်စဉ်မရှိပါ) နတ်တလင်း၊ ဆီးဆုံကုန်းရွာမှာ ပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ကြောင်း (မြေပြင်တွင် ဇန်နဝါရီလ ၁၅ ရက် ၁၆ ရက်တွင် တပ်စစ်ကြောင်းဝင်ရောက်ခဲ့ခြင်းမရှိ) ဇန်နဝါရီလ ၁၆ ရက်တွင် ဆားတောင်ရဲစခန်းနှင့် အထကတွင် ရှိသော စစ်သားများ၊ ညောင်ငုတ်တိုရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်တိုက်ခိုက် (မြေပြင်တွင် ဖြစ်စဉ်မရှိပါ)ပြည်ဖျက်မီဒီယာများမှ အောက်တန်းကျစွာဖြင့် ဖြစ်စဉ်ဖြစ်ပွားမှုမရှိဘဲ အများအထင်လွဲမှားအောင် သတင်းအဆိပ်ခတ်ရေးသားထားသော သတင်းများဖြစ်ပါတယ်-သတင်းအမှားတွေကို အလွယ်မယုံမိစေဖို့ စိစစ်ဖော်ပြပေးလိုက်ပါတယ်#