ylliX - Online Advertising Network
ဖူးခက် EDC ဒီဂျေပွဲတော်တွင် မူးယစ်ဆေးဝါးသုံးစွဲသည်ဆိုကာ မြန်မာအပါအဝင်သုံးဦး ဖမ်းဆီးခံရ - Dawei Watch

ဖူးခက် EDC ဒီဂျေပွဲတော်တွင် မူးယစ်ဆေးဝါးသုံးစွဲသည်ဆိုကာ မြန်မာအပါအဝင်သုံးဦး ဖမ်းဆီးခံရ – Dawei Watch


ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင်ကျင်းပခဲ့သော EDC ဒီဂျေဂီတပွဲတော်တွင် နိုင်ငံခြားသားနှစ်ဦးသေဆုံးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲထားသည်ဟုဆိုကာ မြန်မာအပါအဝင် နိုင်ငံခြားသားသုံးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကမ္ဘာကျော် ဒီဂျေပညာရှင်များစွာပါဝင်သည့် Electric Daisy Carnival (EDC) ပွဲတော်ကို ဖူးခက်မြို့ ထန်လန်ဒေသတွင် ဇန်နဝါရီလ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။

ပွဲတော်ကာလ ဇန်နဝါရီလ ၁၈ ရက် ညက အမေရိကန်နိုင်ငံသားတစ်ဦးနှင့် ကနေဒါနိုင်ငံသားတစ်ဦးတို့ ပွဲတော်ကျင်းပရာ နေရာထဲ လဲကျခဲ့ပြီး ထန်လန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦး သေဆုံးရသော အကြောင်းအရင်းကိုမူ ရင်ခွဲစစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုသည်။

နိုင်ငံခြားသားနှစ်ဦးသေဆုံးပြီး နောက်တစ်ရက် ပွဲတော်နောက်ဆုံးနေ့တွင် ပွဲတော်သို့ လာရောက်သူများအား စစ်ဆေးခဲ့ရာ အသက် ၃၃နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲထားသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

နောက်ထပ် ဂျပန်နိုင်ငံသားတွင်လည်း ကိုကင်း တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ပြီး မလေးရှားနိုင်ငံသားများကိုမူ ကိုကင်းနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲထားမှုတို့ဖြင့် ဖမ်းဆီးခဲ့ကြောင်း‌ ရေးသားထားသည်။

ထိုင်းနိုင်ငံ၏ ၂၀၂၅ ခုနှစ် နှစ်သစ်တွင် ပထမဆုံးအကြိမ်ကျင်းပသော EDC ပွဲတော်တွင် နိုင်ငံတကာ DJ ပညာရှင် ၉၀ ကျော်က ထိုင်း DJ ပညာရှင်များနှင့်အတူ လာရောက်ဖျော်ဖြေခဲ့ကြသည်။

လက်မှတ်ဈေးနှုန်းမှာ တစ်ရက်လျှင် အနိမ့်ဆုံး ဘတ် ၄၈၀၀ နှင့်အထက်ရှိပြီး မြန်မာနိုင်ငံသားအများအပြားလည်း လာရောက်ဆင်နွှဲခဲ့ကြကြောင်း ဖူးခက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။

Ref: Khaosod English, CH 7, Phuket News



Source link

Leave a Reply

Your email address will not be published. Required fields are marked *