ylliX - Online Advertising Network
စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို - Khit Thit Media

စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို – Khit Thit Media


စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိကြောင်း ကိုးကန့် MNDAA ၏ လားရှိုးပြန်လည်ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် MNDAA နှင့် စစ်ကောင်စီတပ်တို့အကြား လက်ရှိနေရာတွင်ပင် အပစ်အခတ်ရပ်စဲထားရန် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သဘောတူညီခဲ့ကြကြောင်း၊ သို့ရာတွင် လားရှိုးမြို့မှ MNDAA တပ်များ ဆုတ်ခွာမည်ဆိုသော သတင်းများမှာ လုံး၀ မှန်ကန်မှု မရှိကြောင်း ၎င်းက ရှင်းပြသည်။

“အပစ်ခတ်ရပ်စဲတာ လက်မှတ်ထိုးတာဟုတ်ပါတယ်။ လားရှိုးက ပြန်ဆုတ်မယ်ဆိုတာ ကျနော်တို့ မေးကြည့်သလောက် မဟုတ်ပါဘူး။ အရိပ်အရောင်လည်း မတွေ့ရပါဘူး။ အထူးဒေသ ၁ လားရှိုး မှာ အားလုံး အခြေအနေကောင်းပါတယ်။ အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်နေပါတယ်” ဟု MNDAA ၏ လားရှိုးပြန်လည်ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုး အပါအဝင် မြို့များစွာ သိမ်းပိုက်ထားသော ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီစာချုပ် တရားဝင်လက်မှတ်ထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေညာခဲ့သည်။

မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး နှစ်နိုင်ငံနယ်စပ်အနီးတွင် တိုက်ပွဲများ ရပ်တန့်သွားသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုသို့ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Mao Ning က ယမန်နေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ကြေညာအသိပေးခဲ့သည်။

တရုတ်နိုင်ငံက ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှုများကို တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်း ချမ်း ရေး လုပ်ငန်းစဉ်အတွက် ဆက်လက်ပံ့ပိုသွားမည်ဟု တရုတ်က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအတွက် MNDAA က လားရှိုး၊ လောက်ကိုင် အပါအဝင် ရှမ်း မြောက်ဒေသတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Untitled design – 1



Source link

Leave a Reply

Your email address will not be published. Required fields are marked *