ylliX - Online Advertising Network

Fact Check: ဘုန်းကြီး ၈ သောင်း စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းတု


သီတဂူဆရာတော်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပူးပေါင်းပြီး ဘုန်းကြီး ရှစ်သောင်းကို စစ်မှုထမ်းရမယ်လို့ ကြေညာလိုက်တယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ 

ဇန်နဝါရီ ၂၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“သီတဂူနဲ့ မင်းအောင်လှိုင် ပူးပေါင်း ယုတ်မာပြီ

ဘုန်းကြီး (၈)သောင်းကို စစ်မှုထမ်း ဖို့ 

အခုပဲ ကြေငြာလို့ ပွတ်လောရိုက်ကုန်ပြီ”(မူလအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသား ချက်တွေ ဖြန့်ဝေနေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်အပြင် အသံဖိုင်နဲ့ ပြောကြားရာမှာလည်း စစ်‌ခေါင်း‌ဆောင်ဟာ သီတဂူဆရာတော်နဲ့ပေါင်းပြီး ရဟန်း ၈၀၀၀၀ လောက်ကို စစ်မှုထမ်းခိုင်းတော့မယ်ဆိုပြီးတော့ ဖော်ပြထားပါတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှ ဒီသတင်းဖော်ပြချက် မတွေ့ရပါဘူး။ 

သီတဂူဆရာတော်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီးမှာ စစ်တပ်ကို အကြီးအကျယ်ထောက်ခံသူအဖြစ် တွေ့မြင်ရလို့ ဒီဗွီဒီယိုထဲမှာပြောသလို စစ်ခေါင်း‌ဆောင်တည်တဲ့ ဘုရား၊ ဝင်းနိမ္မတာရုံဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရမှုတွေမှာလည်း အငြင်းပွားဖွယ်ပြောဆိုခဲ့တာတွေ့ရပါတယ်။ အရပ်သားအစိုးရကို ဖြုတ်ချပြီ အာဏာသိမ်းကာ ဆန္ဒပြသူများကို နှိမ်နှင်းပြီး ရပ်ရွာအပြားအများကို ဗုံးကြဲ၊ သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ကို သီတဂူဆရာတော်က သူတော်ကောင်းတရား ၇ ပါးတွင် ပါဝင်သည့်”သဒ္ဒါ၊ ပညာဖြင့် ပြည့်စုံသောမင်း“လို့ ချီးကျူးသလို ဝင်းနိမ္မတာရုံဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရမှုမှာ စစ်တပ်ကို ခွင့်လွှတ်ဖို့ပြောကြားခဲ့ပါတယ်။

သုံးသပ်ချက်

“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားချက်တွေ ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တယ်။ ရဟန်းတွေ စစ်မှုထမ်းရမယ်ဆိုပြီး စစ်တပ်က ကြေညာခြင်းမရှိသလို ယုံကြည်ရလောက်တဲ့ သတင်းအရင်း အမြစ်တွေမှာလည်း ‌ဖော်ပြချက်မတွေ့ရပါဘူး။

ပြောဆိုချက်- ဘုန်းကြီး ရှစ်သောင်း စစ်မှုထမ်းရမယ်လို့ စစ်တပ်ကြေညာ

Avatar

Title:Fact Check: ဘုန်းကြီး ၈ သောင်း စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False



Source link

Leave a Reply

Your email address will not be published. Required fields are marked *