ylliX - Online Advertising Network
နိုင်ငံကျော်အဆိုတော် မာရဇ္ဇ မနေ့ညက ကွယ်လွန်ရှာ – Myanmar Transparency News

နိုင်ငံကျော်အဆိုတော် မာရဇ္ဇ မနေ့ညက ကွယ်လွန်ရှာ – Myanmar Transparency News


၂၄. ၁. ၂၀၂၅
Written by Thettant

နိုင်ငံကျော် လူကြိုက်များပြီး အောင်မြင်တဲ့ အဆိုတော် မာရဇ္ဇ (ခေါ်) ကိုမာကြီးဟာ ဇန်နဝါရီ ၂၃ ရက်၊ ညပိုင်းက ရန်ကုန်မြို့၊ ဗဟိုရ်စည်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ကော်ပီသီချင်းခေတ်မှာ ကိုယ်ပိုင်သံစဥ်တေးသီချင်းတွေကို သီဆိုပြီး ဆယ်စုနှစ်များစွာ ပရိသတ်အခိုင်အမာရရှိထားတဲ့ မာရဇ္ဇဟာ ပြန်ဆိုတေးခေတ်မှာလည်း ပရိသတ်နှစ်ခြိုက်အောင် သီဆိုနိုင်ခဲ့သူဖြစ်ပြီး သူ့ကွယ်လွန်မှုက ကျောက်ကပ်ရောဂါနဲ့လို့ ကနဦး သိရပါတယ်။

“ကျနော့်ရဲ့ juke-boxBand နဲ့ လက်တွဲခဲ့တဲ့အဆိုကျော်(ကို)မာရဇ္ဇ မနေ့ညက ကွယ်လွန်သွားတယ် သိရလို့မိသားစုနဲ့ထပ်တူကြေကွဲရပါတယ်(သတ်ပုံမူရင်း)”လို့ ဂစ်တာအနုပညာရှင် နိုင်ဇော်က ဝမ်းနည်းစကားဆိုပါတယ်။

အဆိုတော် မာရဇ္ဇဟာ တေးသီချင်းကောင်းများစွာ သီဆိုအောင်မြင်ခဲ့သလို ရည်းစားဦးအတွက်သီချင်း၊ ဆင်မြီးကွင်းလက်စွပ်၊ ကဥ္စနား၊ မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ဝေးဝေးကလွမ်း၊ အလွမ်းမိတ်ဆွေ၊ ရွှေရောင်ကောင်းကင်၊ ဒွိဟ စတဲ့ သီချင်း‌တွေဟာ လူငယ်‌တွေအကြား စွဲလမ်းခဲ့ရတဲ့ သီချင်းတွေဖြစ်သလို ရင်သို့တိုးဝှေ့ဆဲပါခိုင်၊ မအေးကိုချစ်လို့ပါ၊ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့ စတဲ့ ပြန်ဆိုတေးတွေကလည်း ပရိသတ်မရိုးနိုင်အောင် ကြိုက်ခဲ့ရတဲ့ သီချင်းတွေဖြစ်ပါတယ်။

“မာကြီး(မာရဇ္ဇ)ရေ ကြားရတာစိတ်မကောင်းလိုက်တာ။ ကောင်းရာသုဂတိလားပါစေ အော်—ငါတို့အလှည့်လည်းဘယ်နေ့ဖြစ်လာမလည်း(သတ်ပုံမူရင်း)”လို့ အဆိုတော်ကောင်းဆက်က လူမှုကွန်ရက်မှာ ဝမ်းနည်းစကားဆိုပါတယ်။

မာရဇ္ဇကွယ်လွန်မှုဖြစ်စဥ်နဲ့ စျာပနအစီအစဥ်တွေကို MT News က ဆက်လက် အတည်ပြုနေပြီး အသေးစိတ်သိရတာ ဆက်လက်ဖော်ပြပေးပါမယ်။

“ကိုမာကြီးရေ စိတ်မကောင်းဘူးဗျာ ကောင်းရာသုဂတိလားပါစေဗျာ အေးချမ်းပါစေဗျာ 🙏😔 (သတ်ပုံမူရင်း)”လို့ အဆိုတော် အာဇာနည်က ဝမ်းနည်းစကားဆိုပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *