ylliX - Online Advertising Network

မြန်မာဘောက်ဆင်သမားများကို ဂျပန်နှင့် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ပွဲစဉ်များသို့ သွားရောက်ယှဉ်ပြိုင်ရန် စေလွှတ်မည်


မြန်မာဘောက်ဆင်သမားများကို လာမည့် ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပပြုလုပ်မည့် လက်ဝှေ့ပြိုင်ပွဲများနှင့် မတ်လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် လက်ဝှေ့ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာဘောက်ဆင်ကော်မရှင် တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြော သည်။

အဆိုပါ နိုင်ငံတကာပွဲများသို့ သွားရောက်‌ယှဉ်ပြိုင်ရမည့် မြန်မာဘောက်ဆင် ကစားသမားများအနေဖြင့် မြန်မာဘောက်ဆင်ကော်မရှင်က ကျင်းပပြုလုပ်သည့် PBM 1, PBM 2, PBM 3 ပွဲစဉ်များအတွင်း အနိုင်ရရှိသူများကို စေလွှတ်သွားရန်ရှိသည်ဟု ဆိုသည်။

“ဖေဖော်ဝါရီလပိုင်းမှာ ဂျပန်နိုင်ငံ အိုဆာကာမှာ သွားပြိုင်မှာရှိတယ်။ ပြီးတော့ မတ်လပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာသွားပြိုင်ဖို့လည်း ငါးယောက် လက်ခံ ရရှိထားပါတယ်။ နောက်ပိုင်း JBC နဲ့ လက်တွဲလုပ်တဲ့ပွဲတွေမှာလည်းပါဝင်နိုင်ပြီးတော့ ကစားသမားတွေရဲ့ လက်ရည်ပေါ်မူတည်ပြီး WB C ပွဲတွေအထိ ပါဝင်ယှဉ် ပြိုင်ခိုင်းဖို့အထိရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ယခုလ ဇန်နဝါရီ (၂၅)ရက်၌ ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံအတွင်း PBM 3 မြန်မာဘောက်ဆင်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကာ ယင်းပြိုင်ပွဲအတွင်း တွဲဆိုင်း (၁၀)ဆိုင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွဲဆိုင်း(၁၀)ဆိုင်းအနက် ကီလို (၅၀)တန်းအထက်တွဲဆိုင်းများ ပါဝင်မည်ဖြစ်ကာ (၄)ချီ ထိုးသ-တ်ရမည့် တွဲဆိုင်း (၈)ဆိုင်းနှင့် (၆)ထိုးသ-တ်ရမည့်တွဲဆိုင်း (၂)ဆိုင်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *