ylliX - Online Advertising Network

မြန်မာနှစ် ၁၃၈၆ ခုနှစ်အတွင်း ဘေးရန်သတိထားရမည့် နေ့နံများ


မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်အတွင်းမှာ ထိခိုက်မှုအန္တရာယ်နဲ့ ဘေးရန်များတတ်တဲ့ နေ့နံဖွားများကို မြန်မာ့လက်ဆန်းဗေဒင်ပညာအရ တွက်စစ်ဖော်ပြပေးပါမည်။

မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာအရ ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာ (17.4.2024 – 16.4.2025 )

၁) အင်္ဂါနေ့ဖွားများအနေနဲ့ ထိခိုက်မှုဘေးနဲ့ ဘေးရန်အန္တရာယ်များတတ်တဲ့ ပထမဉီးစားပေးနေ့ဖွားများပဲ ဖြစ်ပါတယ်။ သွားလာသတိရှိရမယ့်နှစ်ဖြစ်ပြီး လူမှုပေါင်းသင်းရေးမှာလည်း စကားကြောင့် ခိုက်ရန်ပြဿနာ ဖြစ်ပွားလွယ်တဲ့နှစ်မျိုးပါပဲ၊ စကားနည်းလေးအဆင်ပြေလေနှစ်မျိုးဖြစ်ပြီး ကျန်းမာရေးပိုင်း ချူခြာအားနည်းမှုလည်း တစ်ခုမဟုတ်တစ်ခု ကြုံရတတ်ပါတယ်။

အထူးသဖြင့် နာမည် အင်္ဂါအစ +ဗုဒ္ဓဟူးအဆုံး(ဆွေဆွေဝင်း၊ ဇင်လဲ့ဝါ၊ စိုးနိုင်ဝင်း ) ၊ အင်္ဂါအစ+ စနေအဆုံး ( စုရတနာ၊ ဆွေဇင်လင်းထိုက်၊ ဇင်လင်းထွန်း) စတဲ့နာမည်ရှင်မျိုးတွေအနေနဲ့ ပိုမိုသတိထားအပ်တဲ့ နှစ်ကာလမျိုးပဲ ဖြစ်ပါတယ်။

ယတြာအနေနဲ့ ဘုရားစေတီ ဗုဒ္ဓဟူးထောင့်၊ ရာဟုထောင့်တွင်မကြာခဏသန့်ရှင်းရေး ကုသိုလ်ပြုခြင်း၊ သံဃာများအား ယပ်တောင် လေပန်ကာ လေအေးပေးစက် အဆင်ပြေရာလှူဒါန်းခြင်းမျိုး လုပ်ဆောင်သင့်ပါတယ်။

၂) ဒုတိယအနေနဲ့ စနေနေ့ဖွားများပဲဖြစ်ပါတယ်။ စနေနေ့ဖွားတွေအနေနဲ့ ပြဿနာအခက်ခဲများနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာ၊  ခိုက်ရန်ပြဿနာ ဖြစ်ပွားလွယ်တာမျိုးတွေ သတိပြုရပါလိမ့်မယ်။ မီး လျှပ်စစ်နဲ့ပက်သက်တဲ့ အန္တရာယ် လက်နက်အန္တရယ်အချို့လည်း သတိပြုရမှာဖြစ်ပါတယ်။

စနေနံသင့် အရပ်ဒေသတွေကို ခရီးထွက်တာ မိမိနေထိုင်ရာဒေသရဲ့ အနောက်တောင်ဘက်ကို ခရီးသွားတာမျိုးတွေကအစ သတိထားဆင်ခြင်မှုရှိရပါလိမ့်မယ်။

အထူးသဖြင့် နာမည်မှာ စနေအစ+စနေအဆုံး(ဉပမာ -နှင်းနှင်း၊ ထက်ထက်၊ နိုင်ထူး) ၊ စနေအစ+အင်္ဂါအဆုံး ( ထက်ထက်စိုး၊ နိုင်လင်းစိုး) ၊ စနေအစ + ဗုဒ္ဓဟူးအဆုံး ( ထိန်လင်း၊ နိုင်လင်း၊ နုနုဝါ ) စတဲ့နာမည်မျိုးတွေ မှည့်ခေါ်ထားရင် ပိုမိုသတိပြုရမဲ့နှစ်မျိုးဖြစ်ပါတယ်။

ယတြာအနေနဲ့ ၎င်းနေ့ဖွားတွေဟာ ဘုရားစေတီတစ်ဆူရဲ့ စနေထာင့်မှာ မကြာခဏသန့်ရှင်းရေးကုသိုလ်ပြုခြင်း၊ မီးလျှပ်စစ် အလှူဒါနပြုပေးခြင်း၊ ရဟန်းသံဃာများအား ဖိနပ်လှူပေးခြင်းများ လုပ်ဆောင်ပေးသင့်ပါတယ်။

၃) တတိယအနေနဲ့ ဗုဒ္ဓဟူးနေ့ဖွားများပါတယ်။ ဗုဒ္ဓဟူးနေ့ဖွားတွေအနေနဲ့ ထိခိုက်မှုဘေး၊ ပေါက်ကွဲမှုဘေးမျိုး သတိထားရပါလိမ့်မယ်။ အန္တရာယ်ရှိတဲ့ လက်နက်ကိရိယာတွေ ကိုင်တွဲသုံးစွဲတာ၊ ပေါက်ကွဲလွယ်တဲ့ပစ္စည်းတွေ နားမှာ နေထိုင်တာမျိုး သတိပြုရပါလိမ့်မယ်။

အရှေ့တောင်ဘက်ကိုခရီးသွားတာ အင်္ဂါနံသင့်မြို့ဒေသဘက်တွေကို ခရီးထွက်တာမျိုးတွေ သတိပြုရပါလိမ့်မယ်။ ပဋိပက္ခ ဖြစ်နေတဲ့နေရာဒေသမျိုးတွေကို ခရီးသွားလာတာမျိုးလည်း သတိပြုရပါလိမ့်မယ်။

နာမည်အားဖြင့် ဗုဒ္ဓဟူးအစ+အင်္ဂါအဆုံး (ရန်လင်းစိုး၊ ရန်နိုင်စိုး၊ ရဲဇော် စသဖြင့်) ၊ ဗုဒ္ဓဟူးအစ+ စနေအဆုံး ( ရန်နိုင်၊ ဝါဝါထက်၊ ဝင့်ဝါနိုင်၊ ရဲလင်းထက် စသဖြင့် ) နာမည်မျိုးတွေ ပိုမိုသတိထားရပါလိမ့်မယ်။

ယတြာအနေနဲ့ သင်တုန်းဓား ၊ မုတ်ဆိတ်ရိတ်ဓား၊ ဆံပင်ရိတ်ဓားများကို ရဟန်းသံဃာများအား လှူဒါန်းခြင်း ပြုပေးသင့်ပါတယ်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)



Source link

Leave a Reply

Your email address will not be published. Required fields are marked *