ylliX - Online Advertising Network
Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ


Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန် တေးသီးချင်းဖြင့် သီဆိုတင်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်များ စာဖတ်နိုင်ရေး စာကြည့်တိုက်များ ပြန့်ပွားအောင် ဆောင်ရွက်နေပြီး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက် နေလျက်ရှိကြောင်း၊ ကျောင်းသား/ ကျောင်းသူများ လူငယ်များအနေဖြင့် အားလပ်ချိန်များတွင် ကျန်းမာရေးအတွက် အားကစားပြုလုပ်ခြင်းနှင့် စာဖတ်ခြင်းသည် လူငယ်များ၏ ကျန်းမာရေးနှင့် ဘဝ၏ အသိပညာ၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ခြင်းကိုများစွာ ထောက်ကူပေး ပါကြောင်း၊ ထို့အပြင် မိမိတို့၏ ဘဝရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် အတတ်ပညာ တတ်မြောက်ပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်ကြိုးစားကြရမှာဖြစ်ပြီး IT နည်းပညာများ၊ အထွေထွေ ဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာကာ အရည်အချင်းပြည့်ဝသည့် အသိပညာ ရှင်၊ အတတ် ပညာရှင်များဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ထို့နောက် စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့်က “စာထဲက အရသာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

ယင်းနောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် သိန်း ၂၀ ကို ကျောင်းတာဝန်ခံ ဆရာမဒေါ်စန္ဒာသန်း ထံလည်းကောင်း၊ လူငယ်ရေးရာ အသိပညာပေးဟောပြောသည့် စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့်အား ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း ပေးအပ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းအတွက် စာအုပ်များနှင့် အားကစားပစ္စည်းများကို မြို့နယ်ပညာရေးမှူး ဦးအောင်လွင်ထံ ပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများအား လူငယ်ရေးရာ ဉာဏ်စမ်းပဟေဠိ မေးခွန်းများကို မေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *