ylliX - Online Advertising Network

စစ်ရှုံးခေါင်းဆောင် ရှောင်လင်သိုင်း ကြည့်ရှူ “ရေကိုသားလို့ အကြားမထင်” ဟု ကြုံးဝါး၊ လှပသည့် အနာဂတ် တည်ဆောက်မည်ဟု တရုတ်သံအမတ် တုန့်ပြန်


ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူး အခမ်းအနားသို့ စစ်ရှုံးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရှောင်လင်သိုင်း ကြည့်ရှူခဲ့သည်။

ထိုပြင် တရုတ်- မြန်မာ ချစ်ကြည်ရေးနှင့် ပတ်သက်၍ မည်သူမျှ သွေးခွဲ မရကြောင်း “ရေကိုသား အကြားမထင်” ဟု ကြုံးဝါး ပြောဆိုခဲ့ပြီးနောက် လှပသည့် အနာဂတ် တည်ဆောက်မည်ဟု တရုတ်သံအမတ်က တုန့်ပြန်ခဲ့ကြောင်း စစ်တပ်ပိုင် မီဒီယာများက ဖော်ပြသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်နေ့) က ကျင်းပသည့် အဆိုပါ နှစ်သစ်ကူး အခမ်းအနားတွင် စစ်ရှုံးခေါင်းဆောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး H.E. Ms. Ma Jia တို့အား ခြင်္သေ့ရှစ်ကောင်က မင်္ဂလာ ဂါရဝပြပြီးနောက် ရှောင်လင်ကွန်ဖူး ကြည့်ရှုကြကြောင်း ဆိုသည်။

ယင်းအခမ်းအနားတွင် မင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀ ကျော်မှ အစချီ၍ တရုတ်နိုင်ငံ သမိုင်းကြောင်းကို လည်းကောင်း၊ ၂၀၂၅ ခုနှစ်သည် တရုတ်ရိုးရာ ရာသီခွင် ၁၂ ပါးထဲမှ မြွေနှစ်ဖြစ်ကြောင်း ဆိုကာ မြွေနှစ်သည် ဉာဏ်ပညာ၊ မဟာဗျူဟာ ပြောင်းလဲခြင်း၊ အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းခြင်း၊ တိုးတက်ကြီးပွားခြင်း၊ ထိုးထွင်းသိမြင်ခြင်း အဓိပ္ပာယ် ဖြစ်ကြောင်း စသည်ဖြင့် တရုတ်သံအမတ်နှင့် တကွ တက်ရောက်သူများအား ရှင်းပြသည်။

ထို့အပြင် တရုတ်-မြန်မာ ဆက်ဆံရေး သမိုင်းအား ရှည်လျှားစွာ ရှင်းပြပြီး စီးပွားရေးစင်္ကြံစီမံကိန်းကို အလေးထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း မိတ်ဆွေကောင်း အဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ဆိုသည်။

ရှောင်လင်သိုင်းကြည့်ရှုနေသည့် စစ်ခေါင်းဆောင်

ယင်းနောက် ၄င်းသွားရောက်ခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ တရုတ်နိုင်ငံ ခရီးစဥ် အသေးစိတ်အား ရှင်းပြပြီး တရုတ်ဝန်ကြီးချုပ်နှင့် ဆွေးနွေးစဉ်ခဲ့သည်များကို ရှည်လျှားစွာ ပြောကာ တရုတ်နိုင်ငံအား ကျေးဇူးတင်ကြေင်းနှင့် အကူအညီ ပေးစေလိုကြောင်း ထပ်ပြောသည်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်၍ ၁၉၅၀ ပြည့်နှစ်မှ အစချီပြီး ယခု ၂၀၂၅ ခုနှစ်မှစပြီး တရုတ်နှစ်သစ်ကူးနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို မလိုလားကြသည့် ပြည်တွင်းပြည်ပ အဖွဲ့များ နည်းလမ်းမျိုးစုံအသုံးပြုပြီး သွေးခွဲနေ ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ရှေးနှစ်ပေါင်းများစွာ ဖြစ်တည်လာသည့် ချစ်ကြည်ရင်းနှီးမှုကို “ရေကိုသားလို့ အကြားမထင်” သလို ဘယ်လိုနည်းလမ်းနှင့် လုပ်ရပ်မျိုးကမှ ပျက်ပြားအောင် လုပ်၍မရဘူးဆိုသည်ကို သက်သေပြနိုင်ရန်လိုကြောင်း စစ်ခေါင်းဆောင်က တောင်းဆိုသည်။

ရှောင်လင်သိုင်းကြည့်ရှူနေသည့် စစ်ခေါင်းဆောင်

ယင်းတောင်းဆိုမှုများ အပေါ် မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး တရုတ်သည် ပေးဆပ်သူများ ဖြစ်ကြောင်း၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်၍ လှပသည့် အနာဂတ် အတူတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက် သာယာဝပြောပြီး ငြိမ်းချမ်းပါစေရန် ဆုမွန်ကောင်းတောင်းကြောင်း ရန်ကုန် အခြေစိုက် တရုတ် သံအမတ်က တုန့်ပြန် ပြောဆိုသည်။

အဆိုပါ အခမ်းအနားတွင် “ပန်းတိုင်းပွင့်ပါစေ” သီချင်းကို စုပေါင်းသီဆိုခဲ့ကြကြောင်းလည်း စစ်တပ်ပိုင် မီဒီယာများက ဖော်ပြထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *