ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့၊ ကျင်မွှာလ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သူအင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်းမှ-
အကြမ်းဖက်သူ ၁ လောင်း
အမ်(၂၂) ၁ လက်
ကျည်အိမ် ၁ ခု
ကျည် ၆၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး မိမိထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။