“ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့”
အလုပ်တစ်ခုကို ငါ မလုပ်နိူင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့။
ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိူင်ပါဘူးလို့ မတွေးပါနဲ့။
သူများအလုပ် လုပ်ကိုင်နေရလို့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိူင်ပါဘူးလို့
မတွေးပါနဲ့။
ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်း မနေနိူင်ပါဘူးလို့ မတွေးပါနဲ့။
ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရူံးသွားလို့
ငါ့ ဘဝက အဓိပ္ပါယ်မဲ့သွားပီလို့ မတွေးလိုက်ပါနဲ့။
ရူံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူပါလားလို့ မတွေးပါနဲ့။
ကြမ္မာဆိုး တွေမွှေနှောက်ခံရတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိူင်ပါဘူးလို့ မတွေးလိုက်ပါနဲ့။
ရောဂါဝေဒနာတွေ ခံစားရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပီလို့ မတွေးလိုက်ပါနဲ့။
အဲ့ဒီလို တွေးလိုက်မိပီဆိုတာနဲ့ သင့် ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပီလေ။
ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို
အလင်းရောင် ပေးစွမ်းနေကြတယ်။
အဆင်မပြေမှူတွေ ၊ နှလုံးသားရဲ့ ခံစားမှူတွေ
ဖိစီးနှိပ်စက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းချီးပေးမှာ မဟုတ်ဘူးလေ။
သူငယ်ချင်း….ကိုယ့်ကိုယ်ကို အထင်သေးတဲ့တစ်နေ့
မင်းဟာ တန်ဖိုးမဲ့ လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို
အိုးမဲသုတ်လိုက် သလိုပါပဲ။
ငါ မလုပ်နိူင်ဘူး ၊ မဖြစ်နိူင်ဘူးလို့
တွေးတဲ့နေ့က မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်။
ခံစားချက်တွေ များလွန်းလို့ မခံမရပ်နိူင်ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ
ပီးရင်တော့ ပြုံးနိူင်အောင် ကြိုးစားပါနော်။
ပန်းပျိုးလက် နှလုံးသားအဟာရစာစုလေးများ (ကျွန်မဖတ်ဖို့) မှထုတ်နုတ်တင်ပြပါသည်။