ကလေးသရုပ်ဆောင် ငြိမ်းစုဝေ (ခ) ပေါက်စီရဲ့ (၁၄) နှစ်ပြည့် မွေးနေ့အလှူအဖြစ် ဇန်နဝါရီလ (၂၅) ရက်နေ့ နေ့လည်ပိုင်းမှာ ရွှေတိဂုံဘုရားရှိ ဘုရားဖူးပြည်သူများအတွက် စတုဒီသာကြာဇံချက် အယောက် ၄၀၀စာ ၊ ဖွားဖွားနဲ့ဂံဂံသုံးချင်တာသုံးဖို့ တစ်ယောက် တစ်သိန်း စီ၊ ဘုရားပေါ်ကဖွားဖွားကို ဆေးဖိုးငွေလေးအချို့ကန်တော့ပြီး မီးမီးရဲ့အလှူဒါနကုသိုလ်အစုစုကိုအမျှ အမျှ အမျှ ပေးဝေပါတယ်။ မီးမီးကိုချစ်ခင်ပြီး မွေးနေ့ဆုမွန်တောင်ပေးကြတဲ့တစ်ဦးတစ်ယောက်စီတိုင်းကို ရင်ထဲကနေ ကျေးဇူးလှိုက်လှိုက်လှဲလှဲတင်ပါတယ်ရှင့် ဆိုပြီး သူမ၏ အကောင့်ကနေ ဝေမျှလာသော ပုံရိပ်များကို ပရိသတ်တွေ မျှဝေပေး လိုက်ပါတယ်။
” သမီးရဲ့ အသက် (၁၄) နှစ်ပြည့် မွေးနေ့မှာ လူ (၄၀၀) စာ ကြာဇံချက် စတုဒိသာလေး ကျွေးဖြစ်တာပါ။ အရင်ကထက် ကိုယ့်ကိုယ်ကို ရင့်ကျက်လာတယ်လို့ ထင်မိပါတယ်။ ပိုပြီးတော့လည်း လိမ္မာသိတတ်တဲ့ သမီးကောင်းရတနာလေးဖြစ်အောင် ဆက်လက်ကြိုးစားပါဦးမယ် ” လို့ကတိပေးလာတဲ့ ကလေးသရုပ်ဆောင် ငြိမ်းစုဝေက ကတိစကားပြောကြားခဲ့ပါတယ်။