ylliX - Online Advertising Network
Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး


Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ ဇန်နဝါရီ ၂၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် အားကစားကွင်းအတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းခရိုင် အားကစားကွင်းအတွင်းရှိ ကြက်တောင်အားကစားခန်းမတွင် ကော့သောင်းစားပွဲတင်တင်းနစ်ကလပ်အသင်းမှ စားပွဲတင်တင်းနစ်ကစားသည့်ခုံများ ခင်းကျင်းဆောင်ရွက်ထားရှိမှုအခြေအ‌နေအားလည်ကောင်း၊ မြို့မအားကစားကွင်းရှိ ဘောလုံးအားကစားကွင်းနှင့် ပွဲကြည့်စင်အားလည်းကောင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ကော့သောင်းမြို့နယ်ရှိ ခရိုင်အားကစားခန်းမ၊ တင်းနစ်အားကစားကွင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် ရိုးရာခြင်းလုံးခတ်အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး၊ အားကစားကွင်း/အားကစားရုံများ စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေရှည်တည်တံ့စေရေးတို့အတွက် ထိန်းသိမ်း‌ဆောင်ရွက်သွားရန်နှင့် ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများ လာရောက်လေ့ကျင့်နိုင်စေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည့်အားကစားပစ္စည်းများ ထောက်ပံ့ပေးသွားရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းခရိုင်ရုံးနှင့် မြို့နယ်ရုံတို့မှ ဝန်ထမ်းများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျန်းမာရေးဂရုစိုက်ကြရန်၊ မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်း တာဝန်များကျေပွန်ပြီး အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *