ylliX - Online Advertising Network
စစ်ကောင်စီတပ်နဲ့ အပစ်ရပ်စာချုပ်အပြင် ဆက်စပ်သဘောတူညီချက်တချို့ ရရှိခဲ့လို့ MNDAA ထုတ်ပြော

စစ်ကောင်စီတပ်နဲ့ အပစ်ရပ်စာချုပ်အပြင် ဆက်စပ်သဘောတူညီချက်တချို့ ရရှိခဲ့လို့ MNDAA ထုတ်ပြော





တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA တို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီးပြီဖြစ်တယ်လို့ ကိုးကန့်တပ် ဒုတိယ စစ်သေနာပတိက ပြောကြားလိုက်ပါတယ်။

 

ဒီအကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောထားပြီးနောက် MNDAA ဘက်က ပထမဆုံးထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။

 

ဒုစစ်သေနာပတိ ဖန်ဒီဂျန်က အပစ်ရပ်စာချုပ်အပြင် ဆက်စပ်သဘောတူညီချက်တချို့ကိုလည်း ရရှိခဲ့တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ထည့်မပြောထားပါဘူး။

 

ကိုးကန့်အထူးဒေသ ၁ ၊ လောက်ကိုင်မြို့မှာ ၂၀၂၄ ခုနှစ်အတွက် လုပ်ငန်းအကျဉ်းချုပ်နဲ့ ဂုဏ်ပြုပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်‌နေ့က ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့နေ့လယ်ပိုင်းမှာ ကိုးကန့်တပ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။ အဲဒီပွဲမှာ ဒုစစ်သေနာပတိက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသွားတာဖြစ်တယ်လို့ အဲဒီကြေညာချက်အတွင်း ဖော်ပြထားပါတယ်။

ဒီလို အပစ်ရပ်လိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြောလာတာမျိုး အခုချိန်ထိမရှိသေးပါဘူး။

 

အဲဒီဆွေးနွေးပွဲကို MNDAA ဒုတိယစစ်သေနာပတိ ဗိုလ်ချုပ် Peng De Jun ၊ အထူးဒေသ အုပ်ချုပ်ရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် Song Ke Cheng၊ အထူးဒေသ အုပ်ချုပ်ရေးကော်မတီ ဒုဥက္ကဋ္ဌ Peng De Li တို့အပါအဝင် ဗိုလ်မှူးချုပ်တွေ၊ အထူးဒေသထဲက ဌာန၊ ခရိုင်၊ မြို့နယ်အသီးသီး၊ မဟာမိတ်တပ်ဖွဲ့တွေက ကိုယ်စားလှယ် စုစုပေါင်း လူ ၅၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – The Kokang

 



Source link

Leave a Reply

Your email address will not be published. Required fields are marked *