ylliX - Online Advertising Network

ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော သီးနှံစိုက်ခင်းများ ပြန်လည် စိုက်ပျိုးနိုင်စေရေး တောင်သူများအား ပံ့ပိုးကူညီနိုင်ရန်စီစဉ်


ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော သီးနှံစိုက်ခင်းများ ပြန်လည် စိုက်ပျိုးနိုင်စေရေး တောင်သူများအား ပံ့ပိုးကူညီနိုင်ရန်စီစဉ်

ရန်ကုန် အောက်တိုဘာ ၁၉
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်စေ‌ရေး တောင်သူများအား ပံ့ပိုးကူညီနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
စက်တင်ဘာလအတွင်းက မုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် သီးနှံစိုက်ခင်း တချို့ ထိခိုက်ပျက်စီးခဲ့ရာ အဆိုပါစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အရင်းမပျောက် မတည် ရန်ပုံငွေတစ်ရပ် ထူထောင်ကာ တောင်သူများအားပံ့ပိုး ကူညီရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
“နိုင်ငံတော်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ အရင်းမပျောက် မတည်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး တောင်သူလယ်သမားတွေကို အတိုးမဲ့ ထုတ်ချေးပေးသွားပါမယ်။ အခုနောက်ပိုင်း ရာသီဥတုပြောင်းလဲမှုနဲ့ သဘာ၀ဘေး အန္တရာယ်တွေက ခပ်စိပ်စိပ် ဖြစ်လာတယ်။ အဲဒီလိုဖြစ်လာတော့ ရန်ပုံငွေတစ်ခုရှိမှ တောင်သူလယ်သမားတွေရဲ့ ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်ကုစားနိုင်မှာဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ ပြန်လည်ကုစားလို့ အဆင်ပြေသွားရင် ရန်ပုံငွေထဲကို ပြန်ထည့်မယ်။
နောက် လိုအပ်ချက်ပေါ်လာတဲ့အခါကျတော့လည်း လိုအပ်တဲ့သူက ဒီရန်ပုံငွေကနေပြန်ပြီးတော့ ထုတ်သုံးတဲ့စနစ်မျိုးဆောင်ရွက်သွားမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောသည်။
အဆိုပါ အရင်းမပျောက်မတည်ရန်ပုံ ငွေထူထောင်နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့အပြင် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ပြည်ပသို့ ဆန်တင်ပို့နေသော ကုမ္ပဏီများနှင့် ပို့ကုန်လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခု မိုးစပါးစိုက်ပျိုးရာသီတွင် စပါး စိုက်တောင်သူများအနေဖြင့် စပါးခင်းများရေလွှမ်းမိုးမှုကို သြဂုတ်လတွင် တစ်ကြိမ်၊ စက်တင်ဘာလတွင်နှစ်ကြိမ်တွေ့ကြုံခဲ့ရပြီး နိုင်ငံတစ်၀န်း ၌ စုစုပေါင်းထိခိုက် ပျက်စီးခဲ့သည့်စပါးစိုက် ဧကပေါင်း ကိုးသိန်းခန့်ရှိကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *