ylliX - Online Advertising Network
Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး


Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၂၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင် အားကစားခန်းမအား စစ်ဆေးခဲ့ပြီး လက်ဝှေ့အားကစားနည်း စဉ်ဆက်မပြတ်စေရေးအတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် လက်ဝှေ့သင်တန်းအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး အားကစားသမားများအသုံးပြုလျက်ရှိသည့် (အမျိုးသား/ အမျိုးသမီး) အဝတ်လဲခန်းအား ပြန်လည်ပြုပြင်ဆောင်ရွက် ပေးသွားရန်မှာကြားခဲ့ပြီး (အမျိုးသား/အမျိုးသမီး) ကာယဗလ အားကစားရုံ၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း၊ မြိတ်ခရိုင် မြို့မအားကစားကွင်းနှင့် တင်နစ်အားကစားကွင်းတို့အားလည်း‌ကောင်း၊ အားကစားကွင်းအတွင်း ကျောင်းသား/ကျောင်းသူများ၏ ပြေးခုန်ပစ် လေ့ကျင့်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြေးခုန်ပစ်အားကစားနည်း တိုးတက်ပြန့်ပွား‌‌ စေရန် အားကစားသမားများကို ပညာရေးမပျက်စေဘဲ ယခုလို လေ့ကျင့်သင်ကြားပေးသည့်အတွက် ဝမ်းသာမိပါကြောင်းနှင့် တာဝန်ရှိသူများကိုလည်း ဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ အများပြည်သူများ လွတ်လပ်စွာ လာရောက်လေ့ကျင့်ကစားနိုင်စေရေးနှင့် ဝါသနာပါသည့်အားကစားသမားများကိုလည်း ဖိတ်ခေါ်၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရန်အတွက် လိုအပ်သည့်အားကစားပစ္စည်းများကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့စေရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့် စိမ်းလန်းစိုပြေစေရေးတို့အတွက် ထိန်းသိမ်း‌ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးမှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ပံ့ပိုးအကောင် အထည်ဖော် ဆောင်ရွက်‌ပေးလျက်ရှိ‌ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီးကိုယ်စားပြု လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အထက်အောက် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံကြရန်လိုကြောင်း၊ ညီအစ်ကို မောင်နှစ်မ စိတ်ထားရှိပြီး အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားရန်လို‌ကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *