ylliX - Online Advertising Network
TikTok က သုံးစွဲသူများအတွက် သတိရှိသည့် အွန်လိုင်းအသုံးပြုမှုကို မြှင့်တင်ရန် ဒစ်ဂျစ်တယ် ကျန်းမာရေးကို အလေးထားဆောင်ရွက်လျက်ရှိ

TikTok က သုံးစွဲသူများအတွက် သတိရှိသည့် အွန်လိုင်းအသုံးပြုမှုကို မြှင့်တင်ရန် ဒစ်ဂျစ်တယ် ကျန်းမာရေးကို အလေးထားဆောင်ရွက်လျက်ရှိ


မတူကွဲပြားသော လူများစွာရှိနေသည့် အသိုင်းအဝိုင်းအတွက် တီထွင်ဖန်တီးမှုနှင့် ထုတ်ဖော်ပြောဆိုမှုကို အားပေးသည့် ထိပ်တန်း Short-form ဗီဒီယိုပလပ်ဖောင်းတစ်ခုဖြစ်သည့် TikTok သည် ၎င်း၏ အသုံးပြုသူများအားလုံးအတွက် မျှတပြီး အပြုသဘောဆောင်သော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို မြှင့်တင်လျက်ရှိပါသည်။ ဤသို့မြှင့်တင်ရာတွင် မြန်မာနိုင်ငံရှိ အသုံးပြုသူအသိုင်းအ၀ိုင်းအတွက်လည်း ပါ၀င်ပြီး ဒစ်ဂျစ်တယ်ကျန်းမာရေးကို မြှင့်တင်ရန် Tools များနှင့် ပဏာမခြေလှမ်းများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။

ဒစ်ဂျစ်တယ် ကျန်းမာရေးဟုဆိုရာတွင် နည်းပညာနှင့် ကျန်းမာသော ဆက်ဆံရေးကို ထိန်းသိမ်းခြင်းလည်း ပါ၀င်ပါသည်။ ကျန်းမာသော ဆက်ဆံရေးကို ထိန်းသိမ်းခြင်းဟုဆိုရာတွင် အွန်လိုင်းအသုံးပြုချိန်သာမက အွန်လိုင်းလှုပ်ရှားမှုများကို ကိုယ်တိုင်ထိန်းချုပ်နိုင်စေရန်နှင့် ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အပြုသဘောဆောင်ကြောင်း သေချာစေရန်အတွက်ဖြစ်ပါသည်။

အသုံးပြုသူများကြားတွင် အဖြစ်များသော ဒစ်ဂျစ်တယ် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ

ဒစ်ဂျစ်တယ်ချိတ်ဆက်မှုသည် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော်လည်း မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်၀န်းတွင် အဖြစ်များသော ဒစ်ဂျစ်တယ်ကျန်းမာရေးကို ထိခိုက်စေသည့် စိန်ခေါ်မှုများကိုလည်း ဆောင်ကျဉ်းပေးပါသည်။ အသုံးပြုသူများ ကြုံတွေ့ရလေ့ရှိသော စိန်ခေါ်မှုအချို့မှာ-

  • အွန်လိုင်းအသုံးပြုချိန် အလွန်များခြင်း – အကြောင်းအရာဗီဒီယိုများကို အချိန်ကြာမြင့်စွာ ကြည့်ရှုအသုံးပြုခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါသည်။
  • အွန်လိုင်းပေါ်မှ နှောင့်ယှက်ခြင်းနှင့် အနိုင်ကျင့်ခြင်း – ထိခိုက်စေသော မှတ်ချက်များ သို့မဟုတ် အန္တရာယ်ရှိသော အကြောင်းအရာများကဲ့သို့သော အဆိုးမြင်စေသည့် တုံ့ပြန်မှုများသည် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။
  • သတင်းမှား – အတည်မပြုနိုင်သော သို့မဟုတ် အထင်မှားစေသော အကြောင်းအရာများ ပျံ့နှံ့ခြင်းသည် စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်ပူပန်မှုကို ဖြစ်စေနိုင်ပါသည်။
  • ဒစ်ဂျစ်တယ်စည်းဘောင်များ မရှိခြင်း – ကျန်းမာသော အလေ့အထ မရှိခြင်းက အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေပြီး လုပ်ကိုင်နိုင်စွမ်းအားကျဆင်းစေပါသည်။

TikTok၏ ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာအင်္ဂါရပ်များ

အထက်ပါစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် TikTok သည် သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဒစ်ဂျစ်တယ်အလေ့အထများကို ထိန်းချုပ်နိုင်စေရန် ဒီဇိုင်းထုတ်ထားသော Feature များစွာကို တီထွင်ထားပါသည်။

  • နေ့စဥ်ဖုန်းသုံးချိန် (Daily Screen Time) – ဤဆက်တင်သည် အသုံးပြုသူများကို TikTok တွင် တစ်နေ့လျှင် အချိန်မည်မျှသုံးစွဲလိုကြောင်း ဆုံးဖြတ်နိုင်စေပြီး ၎င်းတို့ ရွေးချယ်ထားသော အသုံးပြုချိန်ပြည့်သွားသည့်အခါ အသိချက်များကို ပေးပို့မည်ဖြစ်ပါသည်။
  • အသုံးပြုချိန် Dashboard (Screen Time Dashboard) – ဤ Feature သည် အသုံးပြုသူများ TikTok အသုံးပြုချိန်နှင့် မည်သို့အသုံးပြုသည်တို့နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်စေပြီး ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်ချက်များ ချကာ အသုံးပြုနိုင်စေပါသည်။
  • ဖုန်းသုံးစွဲမှုနားချိန်များ (Screen Time Breaks) – ဤ Feature သည် အသုံးပြုသူများကို အချိန်အတိုင်းအတာတစ်ခုအထိ ဆက်တိုက် အသုံးပြုပြီးနောက် ခေတ္တအနားယူရန် သတိပေးသွားမည်ဖြစ်ပြီး စိတ်ကြိုက် အချိန်ရွေးချယ်ကန့်သတ်နိုင်ပါသည်။
  • အိပ်ရန် သတိပေးချက်များ (Sleep Reminders) – ညအချိန်တွင် အသုံးပြုသူများ၏ ဖုန်းသုံးချိန်ကို စီမံခန့်ခွဲရာတွင် ကူညီပေးခြင်းဖြင့် ဤ Feature သည် သတ်မှတ်ထားသော အိပ်ချိန်စတင်ပြီးနောက်တွင် အော်တိုပေးပို့သည့် သတိပေးချက်စာတိုများကို ပိတ်ပေးထားကာ ကျန်းမာသောအိပ်စက်ခြင်းအလေ့အထများမွေးမြူနိုင်ရန် ကူညီပေးပါသည်။
  • ကန့်သတ် Mode (Restricted Mode) – ဤဆက်တင်သည် သုံးစွဲသူအားလုံးအတွက် လုံခြုံသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ရန် အသုံးပြုသူအားလုံးနှင့် မသင့်လျော်နိုင်သော အကြောင်းအရာများကို ကန့်သတ်ပေးထားပါသည်။

အပြုသဘောဆောင်သော ဒစ်ဂျစ်တယ် အလေ့အထများ မွေးမြူနိုင်ရန် အကြံပြုချက်များ

အသုံးပြုသူအသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ ဒစ်ဂျစ်တယ်အလေ့အထများကို ဆင်ခြင်သုံးသပ်ရာတွင် ကူညီပေးရန်အတွက် TikTok သည် “ကျွန်ုပ်၏ ဒစ်ဂျစ်တယ်ကျန်းမာရေးအပေါ် မိသားစုနှင့် သူငယ်ချင်းများနှင့်အတူ မည်သို့သုံးသပ်နိုင်မည်နည်း”ဟူသည့် လမ်းညွှန်တစ်ခုကို ဖန်တီးထားပြီး TikTok Safety Center တွင် ကြည့်ရှုနိုင်ရန် မျှဝေထားပါသည်။ ဤလမ်းညွှန်သည် သုံးစွဲသူများကို ၎င်းတို့၏ အွန်လိုင်း အသုံးပြုမှုဆိုင်ရာ အလေ့အထများနှင့် ၎င်းတို့၏ ခံစားချက်များအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်စေနိုင်ကြောင်းစသည်တို့ကို သုံးသပ်ကာ ပိုမိုကောင်းမွန်သော မျှတမှုကို ရှာဖွေရန် ကူညီပေးပါသည်။

ဒစ်ဂျစ်တယ်ကျန်းမာရေးကို မြှင့်တင်ရန်အတွက်လည်း မိမိကိုယ်ကို သိရှိနားလည်မှုရှိရန်လည်း အရေးကြီးပါသည်။ မိမိ၏ ဒစ်ဂျစ်တယ် အလေ့အထများကို အောက်ပါအတိုင်း အကဲဖြတ်နိုင်သည် -သင့်ဖုန်းသုံးချိန်ကို ပြန်လည်သုံးသပ်ပါ။ဖုန်းသုံးချိန်ပြီးသည့်နောက် စိတ်ခံစားမှုအခြေအနေကို အကဲဖြတ်ပါ။အိပ်ချိန်ပုံစံနှင့် အရည်အသွေးကို ဂရုပြုပါ။အွန်လိုင်းအသုံးပြုမှုများပြီးနောက် လုပ်ကိုင်နိုင်စွမ်းအားကို အကဲဖြတ်ပါ။အွန်လိုင်းအသုံးပြုမှုကို အကဲဖြတ်ပါ။အွန်လိုင်းကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးအလေ့အကျင့်များကို အကဲဖြတ်ပါ။မိမိကြည့်ရှုအသုံးပြုသည့် အွန်လိုင်းအကြောင်းအရာများကို ဆင်ခြင်အကဲဖြတ်ပါ။ အထက်ပါအချက်များကို ပုံမှန်အကဲဖြတ်ခြင်းဖြင့် မိမိသည် ပိုမိုကျန်းမာသော ဒစ်ဂျစ်တယ်အလေ့အထများကို ပြုစုပျိုးထောင်နိုင်ပြီး မိမိ၏ အွန်လိုင်းလှုပ်ရှားမှုများသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းကျိုးပြုကြောင်း သေချာစေပါသည်။TikTok ၏ ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာ ကတိကဝတ်သည် ကြွယ်ဝပြီး လုံခြုံသော အွန်လိုင်းနေရာကို ဖန်တီးရန် ကမ္ဘာ့ပလက်ဖောင်းတစ်ခုအဖြစ် ၎င်း၏ တာဝန်ကို ထင်ဟပ်စေသည်။ မှန်ကန်သော Tool များ၊ အရင်းအမြစ်များနှင့် ပညာပေးတို့ဖြင့် သုံးစွဲသူများကို စွမ်းအားမြှင့်ပေးခြင်းဖြင့် TikTok သည် သတိရှိသည့် အွန်လိုင်းအသုံးပြုမှုကို မြှင့်တင်ရန်နှင့် ပိုမိုကျန်းမာသော ဒစ်ဂျစ်တယ်ဂေဟစနစ်ကို မွေးမြူရာတွင် ဆက်လက်ဦးဆောင်နေပါသည်။ဒစ်ဂျစ်တယ်ကျန်းမာရေးသည် အပြန်အလှန် တုံ့ပြန်မှုတိုင်း၏ ဗဟိုချက်ဖြစ်ကာ တီထွင်ဖန်တီးမှု၊ လေးစားမှုနှင့် ဟန်ချက်ညီမှုတို့အပေါ် တိုးတက်ဖြစ်ထွန်းသည့် လူ့အဖွဲ့အစည်းကို အတူတကွတည်ဆောက်ကြပါစို့။

Team (ရိုးရာလေး)


Post Views: 123





Source link

Leave a Reply

Your email address will not be published. Required fields are marked *