ylliX - Online Advertising Network
အမေရိကန်က တစ်ကမ္ဘာလုံးဆိုင်ရာ အကူအညီမှုကို ရပ်တန့်ရာဝယ် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်းမှ လူပေါင်းရာချီ အလုပ်ရပ်နားခံရ

အမေရိကန်က တစ်ကမ္ဘာလုံးဆိုင်ရာ အကူအညီမှုကို ရပ်တန့်ရာဝယ် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်းမှ လူပေါင်းရာချီ အလုပ်ရပ်နားခံရ


ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံအစိုးရက ပြည်ပအကူအညီအများစုကို ရပ်တန့်လိုက်ပြီးနောက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ ဝန်ထမ်းဒါဇင်နှင့်ချီသည် အလုပ်မှ အနားယူခိုင်းခြင်းခံရပြီး သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းမှ လူပေါင်းရာကျော်လည်း အလုပ်ဖြုတ်ခံခဲ့ရသည်။
အချို့သော အကူအညီများကို ကင်းလွတ်ခွင့်ပေးသည့်အခြေအနေတွင်ပင် USAID မှ ဝန်ထမ်းပေါင်း ၆၀ ခန့်သည် ဇန်နဝါရီ ၂၇ ရက်၌ “အနားယူရန်” အသိပေးခြင်း ခံရကြောင်း ရိုက်တာ၏ ဇန်နဝါရီ ၂၉ ရက် သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သည့် အမျိုးသားကျန်းမာရေး ဦးစီးဌာန (NIH) က ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင် ပြည်ပကူညီရေးစီမံကိန်းများ ရပ်တန့်ခံရသည့်အတွက် အလုပ်ဖြုတ်လိုက်ကြောင်း အသိပေးအီးမေးလ်များကို ဝန်ထမ်း ၆၀၀ ထံပေးပို့ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ USAID နှင့် NIH တို့သည် အထက်ပါသတင်းနှင့်စပ်လျဉ်း၍ တုံ့ပြန်ခြင်း မရှိသေးပေ။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၀ ရက် ရာထူးတာဝန်လက်ခံပြီးနောက် လက်မှတ်ရေးထိုးသည့် အမိန့်တစ်ရပ်တွင် စီမံကိန်းများ ထိရောက်မှုရှိမရှိ၊ လက်ရှိ အစိုးရ၏ နိုင်ငံခြားရေး မူဝါဒနှင့်ကိုက်ညီမှုရှိမရှိ သုံးသပ်ရန်အတွက် ပြည်ပအကူအညီအားလုံးကို ရက် ၉၀ ကြာ ယာယီရပ်တန့်ထားရန် ညွှန်ကြားခဲ့သည်။ အဆိုပါအမိန့်ကြောင့် နိုင်ငံတကာကူညီရေး အဖွဲ့အစည်းများက မကျေမနပ်ဖြစ်ခဲ့ကြရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက “အသက်ကယ်ဆယ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ” အား ကင်းလွတ်ခွင့်ပေးခဲ့သည်။
ထရမ့်အစိုးရ၏ ပြည်ပအကူအညီများအား ရပ်တန့်လိုက်သည့်လုပ်ရပ်ကြောင့် ကူညီရေးအဖွဲ့အစည်းအုပ်စုများကို ပူပန်မှုဖြစ်စေသည်ဟု အေပီသတင်းဌာနက သတင်းဖော်ပြထားသည်။ အဆိုပါ အဖွဲ့အစည်းအုပ်စုများက ၎င်းတို့ဖော်ဆောင်သည့်စီမံကိန်းသည် ကင်းလွတ်ခွင့်အတွင်း ပါဝင်ခြင်းရှိမရှိ မသေချာသလို လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့် မည်ကဲ့သို့လုပ်ဆောင်ရမည်နည်းကိုလည်း သဲကွဲစွာသိရှိခြင်းမရှိဟုဆိုသည်။
ပြည်ပအကူအညီများအား ဆိုင်းငံ့သည့်အမိန့်သည် ရှင်းလင်းသဲကွဲမှုမရှိကာ မသေချာမှုများ ပြည့်နှက်နေသဖြင့် “ရှုပ်ထွေးမှုများဖန်တီးနေသည်” ဟု နှစ်စဉ် သက်ကြီးရွယ်အို အယောက် ၂၀၀ ကျော်အား အစားအစာထောက်ပံ့ပေးသည့် “Meals on Wheels” အဖွဲ့အစည်း ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ (Xinhua)

………………………
(Chinese Version)
美国冻结全球援助 国际开发署合作机构数百人遭解雇
新华社北京1月30日电
美国政府冻结绝大多数对外援助后,国际开发署数十名职员被迫休假,相关合作机构数百人遭解雇。
路透社29日报道,在部分援助得以豁免情况下,国际开发署仍有大约60名职员27日被告知“休假”。与这一机构合作的公共卫生研究院28日晚给600名员工发送电子邮件,告知对方因对外援助项目冻结予以解雇。
美国国务院、国际开发署和公共卫生研究院尚未就上述报道作出回应。
美国总统唐纳德·特朗普20日就职后签署行政令,要求美国所有对外援助暂停90天,以评估项目是否有效、是否与本届政府对外政策保持一致。这项政令引发国际援助机构不满,美国国务卿马尔科·鲁比奥随后对“拯救生命的人道主义援助”给予豁免。
美联社报道,特朗普政府冻结对外援助的做法令一些援助团体担忧。尽管存在豁免,这些团体不确定所推动的项目是否在豁免范围,也不清楚能否及如何继续开展工作。
每年为200多万名老年人提供餐食的“车轮上的膳食”组织发言人说,暂停对外援助的行政令不清晰、充满不确定性,“正在制造混乱”。(黄爱萍)
图说:1月20日,在美国首都华盛顿第一资本体育馆,美国总统特朗普展示其签署的行政令。新华社记者吴晓凌摄





Source link

Leave a Reply

Your email address will not be published. Required fields are marked *