(၃၀-၁-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယသမ္မတနိုင်ငံ၏ (၇၆)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် Beating Retreat 2025 အခမ်းအနားကို ၂၉-၁-၂၀၂၅ ရက်နေ့တွင် နယူးဒေလီမြို့၊ Vijay Chowk ၌ ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် နယူးဒေလီမြို့အခြေစိုက် နိုင်ငံခြားသံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံသမ္မတမှ အထူးဧည့်သည့်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့ တက်ရောက်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ စစ်ရေးအမွေအနှစ်များကို တန်ဖိုးထားဂုဏ်ပြုသောအားဖြင့် အိန္ဒိယကြည်း၊ ရေ၊ လေတပ်ဖွဲ့များ၏ စစ်တီးဝိုင်းများမှ တီးမှုတ်ချီတက်ခဲ့ကြပါသည်။
***************************