ဒီနေ့တော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစားကာ ပုဇွန်ငပိလေးကို မီးကင်ပြီး ငပိထောင်းလေး ထောင်းဖြစ်ပါတယ် ဒီတော့လဲ ငါးငပိထောင်းလေးနဲ့ လိုက်ဖက်မဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်ကို စဉ်းစားရပြန်ပါတယ် ။
ဒီတော့လဲ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ချက်လို့ရတဲ့ ပဲဝါလေးနဲ့ ဘူးသီး ကိုရောကာ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲဝါလေးနဲ့ ဘူးသီးဟင်းချို ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပဲနီလေးပဲဆံ – ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
- ဘူးသီး – တစ်စိတ်
- ကြက်သွန်နီ – အလုံးခပ်သေးသေး ရှစ်လုံးခန့်
- ကြက်သွန်ဖြူ – အမွှာ ကြီးကြီး ရှစ်မွှာ
- ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီချက်ချက်ရန်ဆီ – ထမင်းစားဇွန်း ၁၀ဇွန်းသာသာ (ဟင်းအိုးထဲ ထမင်းစားဇွန်း ၃ဇွန်းစာထည့်ပြီး ပိုတာကို ဖယ်ထားပါ)
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီချက်ချက်ရန်)
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက် (ပဲပြုပ်ရန်)
- ချင်း – လက်တစ်ဆစ်
- အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- ဘူးသီးကို အခွံခွာပြီး ရေဆေးကာ အနေတော်လေးတွေ လှီးပေးထားပါ
- ပဲနီလေးပဲဆံကို ရေဆေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ရေမြုပ်အောင်ထဲ့ကာ ပဲနူးအောင် ပြုပ်ပေးပါ
- ပဲပြုပ်နေစဉ် ပဲရေများ ဝေကျတတ်တဲ့အတွက် အိုးပေါ်မှာ သစ်သားယောင်းမကို ကန့်လန့်ဖြတ် တင်ပေးထားပါ
- ဆန်ကြာဇံကို ရေမြုပ်အောင်ထဲ့ပြီး စိမ်ထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးထားပါ
- ကြက်သွန်ဖြူ ငါးမွှာကို ဆီချက်ချက်ရန် အခွံခွာာ ရေဆေးပြီး မညက်တစ်ညက် ထောင်းထားပါ
- ကြက်သွန်ဖြူ သုံးမွှာကို ဟင်းရည်ထဲခပ်ရန် အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ကြော်ပေးပါ
- ကြက်သွန်ဖြူများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဖယ်ထားပါ
- ပဲနူးအောင် ပြုပ်ထားသော ပဲအိုးထဲသို့ ဟင်းရည်သောက်ပန်းကန် သုံးလုံးစာ ရေထည့်ပေးပါ
- ပြီးတာနဲ့ ဘူးသီး ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပေးပြီး တည်ပေးပါ
- ပဲရည်ဆူလာပါက အရသာမှုန့် ဆီချက်ချက်ပြီးသား ထမင်းစားဇွန်း သုံးဇွန်းနှင့်ဆားတို့ ကိုထည့်ပြီး ဘူးသီးနှင့် ကြက်သွန်များ နူးအောင်တည်ပေးပါ
- ဘူးသီးနှင့် ကြက်သွန်များ နူးလာပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ မြည်းပြီးတာနဲ့ မီးပိတ်ပေးကာ ဘူးသီး ပဲဟင်းချို ပူပူနွေးနွေးလေးကို သုံးဆောင်နိုင်ပါပြီ။