ပေကျင်း၊ဖေဖော်ဝါရီ ၁၁
ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ ညှိနှိုင်းဆွေးနွေးပွဲသည် တရုတ်နှင့်အာဆီယံကြားဘက်စုံ အရေးပါသောမိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
တရုတ်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် အဆိုပါကိုယ်စားလှယ်အဖွဲ့သည့် အာဆီယံအကြီးတန်းအရာရှိများအစည်းအဝေးအတွက် မလေးရှားနိုင်ငံမှညှိနှိုင်းရေးမှူးနှင့်တွဲဖက်ကာ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်မည်ဟုလည်းသိရသည်။
တရုတ် – အာဆီယံ အကြီးတန်းအရာရှိများ ညှိနှိုင်းဆွေးနွေးပွဲသည် တရုတ်နှင့်အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဌာနများကြား အပြန်အလှန်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသည့် နှစ်စဉ်ပြုလုပ်နေကျယန္တရားတစ်ခုဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
“ဒီဆွေးနွေးပွဲဟာ တရုတ်နဲ့အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာရရှိခဲ့တဲ့ အရေးကြီးတဲ့ ဘုံနားလည်မှု တွေကို အကောင်အထည်ဖော်ဖို့အတွက်ဆွေးနွေးမှုတွေ၊ဘက်စုံမိတ်ဖက်ဆက်ဆံရေးတိုးတက်ဖို့နဲ့ဒေသတွင်းသာမက နိုင်ငံတကာဘုံအကျိုးစီးပွားဆိုင်ရာကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ကြဖို့ပါ ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်” ဟုလည်း၎င်းကဆိုသည်။
Source : ရှင်းဟွာ