မာမာ ဒီနေ့တော့ ပဲသွေးကို ချင်း ကြက်သွန်ဖြူ ကြက်သွန်နီတို့နဲ့ ခပ်မွှေးမွှေးလေး ကြော်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ပဲသွေးကြော််လေးနဲ့ ထမင်းပူပူလေးကို အဆင်ပြေပြေ စားနိုင်ဖို့အတွက် မာမာ ကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပဲသွေး – 200 g
- ကြက်သွန်ဖြူ – အမွှာကြီးကြီး သုံးမွှာ
- ကြက်သွန်နီ – အနေတော် တစ်ခြမ်း
- ချင်း – ခပ်ပြားပြား သုံးပြား
- ဆီ – ထမင်းစားဇွန်း လေးဇွန်း
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား – လက်ဖက်ရည်ဇွန်း တစ်၀က်
- အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- ပဲသွေးကို ရေဆေးပြီး ရေစစ်ကာ မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး ရှည်ရှည် အမြှောင်းလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအနေတော်နဲ့ အပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ
- ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်းတို့ကို နွမ်းသွားအောင် ကြော်ပေးပြီးမှ ပဲသွေးကိုိုပြီး မိနစ်၀က်လောက် ကြော်ပေးပါ
- ပြီးတာနဲ့ ဆားနှင့် အရသာမှုန့်တို့ထဲ့ပြီး အရသာ သမအောင် မွှေပေးပါ
- နှစ်မိနစ် သုံးမိနစ်လောက် ကြော်ပေးပြီးတာနဲ့ ထပဲသွေးကို ရေမြုပ်အောင် ထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
- အိုးထဲမှာ ရေမခမ်းခင် အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ ပဲသွေးကြော်လေး ရပါပြီ
- ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့အတွက် မိမိနှစ်သက်သလို စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။